မြိုင်မြို့နယ် ကျောက်ဖူးကျေးရွာအနီးရှိ ကျောက်ဖူးမီးရထားဘူတာကို အကြမ်းဖက်သမားများက မီးရှို့ဖျက်ဆီး

 

နေပြည်တော်   ဇန်နဝါရီ   ၁၉


မကွေးတိုင်းဒေသကြီး    မြိုင်မြို့နယ်၌    အကြမ်းဖက်သမားများက ကျောက်ဖူးကျေးရွာအနီးရှိ ကျောက်ဖူးမီးရထားဘူတာကို မိုင်းထောင် ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း သိရသည်။

 


ဖြစ်စဉ်မှာ ဇန်နဝါရီ ၁၈ ရက် ည ၈ နာရီခွဲခန့်တွင် မကွေးတိုင်းဒေသ ကြီး  မြိုင်မြို့နယ်  ကျောက်ဖူးကျေးရွာအနီးရှိ ကျောက်ဖူးမီးရထား ဘူတာသို့ PDF အမည်ခံ အကြမ်းဖက်အဖွဲ့  အင်အား ၁၀ ဦးခန့် ရောက်ရှိ လာပြီး   မီးရှို့ဖျက်ဆီးခဲ့ရာ  မီးလောင်မှုကြောင့်   သွပ်မိုး၊   အုတ်ကာ၊ အုတ်ခင်း ဘူတာရုံအဆောက်အဦ တစ်လုံး၊ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း ၂ ယူနစ် ဝန်ထမ်းနေအိမ် လိုင်းခန်းအဆောက်အဦ တစ်လုံးနှင့် ရေတင် စက် တစ်လုံးတို့ မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

 


ထိုသို့ မီးရထားဘူတာရုံကို မီးရှို့ဖျက်ဆီးသွားခဲ့သည့် အကြမ်းဖက် သမားများအား ဖော်ထုတ်ဖမ်းဆီးနိုင်ရေး နယ်မြေခံလုံခြုံရေး တပ်ဖွဲ့ဝင် များက လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။       

         

သတင်းစဉ်