
နေပြည်တော် နိုဝင်ဘာ ၁၇
“မြိုင်မြိုင်ဆိုင်ဆိုင်လတန်ဆောင်တိုင်” တေးဂီတ ဖျော်ဖြေပွဲ ပွဲစဉ် (၈) ကို နိုဝင်ဘာ ၁၉ ရက် ည ၈ နာရီ သတင်းအပြီးတွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၌ ထုတ်လွှင့်ပြသမည်ဖြစ်သည်။
ယင်းအစီအစဉ်ကို “Golden Star Music Band တေးဂီတအဖွဲ့” ၏ တီးခတ်မှုနှင့်အတူ တေးသံရှင်များဖြစ်ကြသည့် မင်းခန့်ကျော်၊ ဒုံချပ်၊ သွန်းရွှေလျှံ၊ ထက်အာကာကျော်၊ လင်းဝတီသင်း၊ ရဲရင့်ဝေလွင်၊ ခင်လပြည့်ဝန်း၊ မေထူးကျော်၊ ဧကရီ အောင်၊ ထက်ရတီလွင် တို့က ဖျော်ဖြေတင်ဆက် ကြမည်ဖြစ်သည်။
ထိုသို့ တင်ဆက်မှုကို နိုဝင်ဘာ ၂၁ ရက် နံနက် ၁၀ နာရီခွဲတွင် ဒုတိယအကြိမ် ထပ်မံ ထုတ်လွှင့်ပြသမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်