မြိုင်မြို့၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ

 

မြိုင်   နိုဝင်ဘာ     ၁၅


မကွေးတိုင်းဒေသကြီး မြိုင်မြို့၌ ၁၃၈၄ ခုနှစ် တန်ဆောင်မုန်းလပြည့် ကျော် ၁၀ ရက်နေ့တွင် ကျရောက်မည့် (၁၀၂)နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေးလက်ကမ်းစာစောင်များကို ယနေ့ နံနက် ၉ နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ဖြန့်ဝေခဲ့သည်။

 


ထိုသို့ဖြန့်ဝေရာတွင် မြိုင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန ဝန်ထမ်းများက အမှတ်(၁) အခြေခံပညာအထက်တန်း ကျောင်းရှိ   ကျောင်းသား ကျောင်းသူများ၊   ဆရာ ဆရာမများအား ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် ထုတ်ဝေသော ဗိုလ်ချုပ် အောင်ဆန်း၏ ဖဆပလပြည်လုံးကျွတ်ညီလာခံကြီးတွင် တင်သွင်းသော ညီညွတ်ရေးအဆိုမှ  ကောက်နုတ်ချက်၊   နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၏ (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အခမ်း အနားသို့ ပေးပို့သည့်သဝဏ်လွှာမှ ကောက်နုတ်ချက်၊ ဘိုမျိုး(ရွှေဘို) ၏ “သူ့ကျွန်မခံ အမျိုးသားအားမာန်”ကဗျာ၊ (၁၀၂)နှစ်မြောက်အမျိုးသား အောင်ပွဲနေ့ ဦးတည်ချက်များ၊ ပညာရေးမျှော်မှန်းချက်များ ပါရှိသည့် သတင်းစကားလက်ကမ်းစာစောင်များကို ဖြန့်ဝေကြောင်း သိရသည်။

မယ်ခွေ