မြို့နေရာပြောင်းရန် ဥပဒေကြမ်းကို အင်ဒိုနီးရှားအတည်ပြု

 

ဂျကာတာ ဇန်နဝါရီ   ၁၉ 


အင်ဒိုနီးရှားဥပဒေပြုအမတ်များက    အင်ဒိုနီးရှား နိုင်ငံ၏မြို့တော်ကို    ကလီမန်တန်ကျွန်းသို့ နေရာ ရွှေ့ပြောင်းရန် ဥပဒေ တစ်ရပ်ကို ဇန်နဝါရီ ၁၈ ရက်က အတည်ပြုခဲ့သည်။ အဆိုပါနေရာသည် မလေးရှား၊ ဘရူနိုင်းတို့နှင့် နယ်နိမိတ်ချင်းထိစပ်နေသောနေရာဖြစ်သည်။ 
မြို့နေရာရွှေ့ပြောင်းရန် အစီအစဉ်သည် သမ္မတ ဂျိုကိုဝီဒိုဒို စတင်အစပျိုးခဲ့သည့် အကြီးဆုံးရည်မှန်း ချက်များအနက် တစ်ခုဖြစ်သည်။ 

 


ယခင်သမ္မတများသည် မြို့တော်ကိုရွှေ့ပြောင်း ရန် စိတ်ကူးရှိခဲ့သည်။  ဂျိုကိုဝီဟု  လူသိများသည့် အင်ဒိုနီးရှားသမ္မတသည် ကိစ္စရပ်အတော်များများ ကြောင့်  မြို့တော်ကို    ကလီမန်တန်အရှေ့ပိုင်းသို့ ရွှေ့ပြောင်းရန် လွန်ခဲ့သော သုံးနှစ်က ကတိပြုခဲ့သည်။ အဆိုပါကိစ္စရပ်များထဲတွင်  လူဦးရေသိပ်သည်းဆ များလာခြင်းနှင့် လူဦးရေ ၁၀ သန်းကျော်နေထိုင်သော ဂျကာတာသည် ယခင်ထက် မြေနေရာနိမ့်ကျလာ ခြင်း စသည့်အကြောင်းများကြောင့် ထိုသို့ရွှေ့ပြောင်း ရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။

 


မြို့သစ်ကို နူဆန်တရာဟု အမည်ပေးထားပြီး ကလီမန်တန်အရှေ့ပိုင်းဒေသနှစ်ခုဖြစ်သည့် ပီနာဂျန် ပါဆာဥတရာနှင့်   ကူတိုင်ကာတာနီဂါရာတို့တွင် တည်ဆောက်မည်ဖြစ်သည်။    မြို့သစ်သည်  မြေ ဟက်တာပေါင်း ၂၅၆၀၀၀ ခန့် ရှိမည်ဖြစ်သည်။ 

 


နူဆန်တရာကို   ကျွန်းစုဟု ဟူသော   အနက် အဓိပ္ပာယ်ရှိပြီး အဆိုပါနာမည်ကို သမ္မတ   ဂျိုကိုဝီဒိုဒို က ရွေးချယ်ထားကြောင်း   အမျိုးသားဖွံ့ဖြိုးတိုးတက် ရေးနှင့်    စီမံကိန်းဝန်ကြီး   ဆူဟာဆို  မိုနို  အာဖာက ပြောသည်။ 

 


ကမ္ဘာ့စတုတ္ထလူဦးရေအများဆုံးဖြစ်သည့် အင်ဒို နီးရှားနိုင်ငံသည်  လူဦးရေ သန်း  ၂၇၀  ခန့်   မှီတင်း နေထိုင်လျက်ရှိပြီး ကျွန်းပေါင်း ၁၇၀၀၀ ပါဝင်သည်။ 
မြေနေရာပြင်ဆင်ခြင်းလုပ်ငန်းများကို    ၂၀၂၀ ပြည့်နှစ် သြဂုတ်လက   ကနဦးဆောင်ရွက်ခဲ့သော် လည်း ကိုဗစ်-၁၉ ကပ်ရောဂါက အစိုးရကို လုပ်ငန်း များ ရပ်ဆိုင်းစေခဲ့သည်။ မြို့နေရာတည်ဆောက်ရာ တွင် အမေရိကန်ဒေါ်လာ ၃၂ ဘီလီယံခန့် ကုန်ကျမည် ဟု ခန့်မှန်းထားသည်။ 
မြို့နေရာသစ်ပြောင်းရွှေ့မည့်     ဥပဒေကြမ်းကို ယမန်နှစ် စက်တင်ဘာလက လွှတ်တော်သို့ တင်သွင်း ခဲ့သည်။ 

 


မြို့နေရာသစ်       ပြောင်းရွှေ့တည်ဆောက်ခြင်း အစောပိုင်းအဆင့်ကို ယခုနှစ်တွင် စတင်မည်ဖြစ်ပြီး ၂၀၂၄ ခုနှစ်တွင် အဆုံးသတ်ရန် ရည်မှန်းထားသည်။ အစောပိုင်းအဆင့်တွင် အစိုးရသည် သမ္မတနန်းတော်၊ လွှတ်တော်အဆောက်အအုံနှင့်     အိမ်ရာများကို တည်ဆောက်မည်ဖြစ်သည်။ 
နူဆန်တရာသည် ဗဟိုအစိုးရဖြစ်လာမည်ဖြစ်ပြီး ဂျကာတာသည် အရှေ့တောင်အာရှ၏   အကြီးဆုံး စီးပွားရေးမြို့တော် ဖြစ်လာမည်ဖြစ်သည်။  

 


ဆင်ဟွာ၊ အင်န်အိတ်ချ်ကေ