
စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် အင်းတော်မြို့လယ်ကောင်ရှိ စုပေါင်းကားဂိတ်သည် ရွှေဘို-မြစ်ကြီးနားသွား ကားလမ်းမကြီး ပေါ်တွင် ဖွင့်လှစ်ထားကြောင်း သိရသည်။
အဆိုပါ စုပေါင်းကားဂိတ်နေရာတွင် လူစီးမှန်လုံယာဉ်ကြီး၊ ယာဉ်ငယ်များ၊ ကုန်တင်ယာဉ်များ၊ ၂၂ ဘီးတပ်ဆီဘောက်ဆာယာဉ် များ ဖြတ်သွားခြင်း၊ ရပ်နားပြီး ခရီးသည်အတင်အချပြုလုပ်ခြင်းများ ဆောင်ရွက်နေပါသဖြင့် လမ်းသွား၊ လမ်းလာပြည်သူများနှင့် ကျောင်းသွား၊ ကျောင်းလာ ကျောင်းသူ၊ ကျောင်းသားများအတွက် ယာဉ်အန္တရာယ်စိုးရိမ်နေရကြောင်း မြို့ခံတစ်ဦးက ပြောသည်။ အဆိုပါ စုပေါင်းကားဂိတ်နေရာသည် အင်းတော်မြို့လယ်ရှိ မူလတန်းကျောင်းနှင့် နီးကပ်နေပြီး အစုန်၊ အဆန် လူစီးမှန်လုံယာဉ် များရပ်နားခြင်း၊ ကုန်တင်ယာဉ်နှင့် ဆီဘောက်ဆာယာဉ်များ နေ့စဉ်ယာဉ်စီးရေ ၃၀၀ ကျော် ဖြတ်သန်းသွားလာနေသဖြင့် ယာဉ်အန္တရာယ်စိုးရိမ်ရကြောင်း ရပ်မိရပ်ဖတစ်ဦးက ပြော သည်။
သို့ဖြစ်ပါ၍ ရွှေဘို-မြစ်ကြီးနား သွားကားလမ်း အင်းတော်မြို့ လယ်ကောင်ရှိ စုပေါင်းကားဂိတ်နေရာကို ယာဉ်အန္တရာယ်မှ ကင်းဝေးစေရန်အတွက် သက်ဆိုင်ရာတာဝန်ရှိသူများက သင့်တော် သောနေရာတွင် ပြောင်းရွှေ့ဖွင့်လှစ်သင့်ကြောင်း “ထင်သာ မြင်သာ ပြုပြင်စရာ” ကဏ္ဍမှ ရေးသားတင်ပြလိုက်ရပါသည်။
အင်းတော်မောင်