မိုးကြိုကာလအတွင်း ဖြစ်ပေါ်တတ်သည့် မိုးလေဝသဖြစ်စဉ်များနှင့် ပတ်သက်၍ ကြိုတင်သတိပေးနှိုးဆော်ချက်

 

နေပြည်တော်  မေ  ၁၅
မြန်မာနိုင်ငံအရပ်ရပ်တွင် မိုးကြိုကာလဖြစ်သည့်  မေလလယ်မှ  မြန်မာနိုင်ငံသို့   အနောက်တောင် မုတ်သုံလေ မဝင်ရောက်မီနှင့် အနောက်တောင်မုတ်သုံလေ ဝင်ရောက်စဉ်ကာလအတွင်း လေထုမငြိမ် မသက်မှုများကြောင့်လည်းကောင်း၊ နေ့အပူချိန်များ တဖြည်းဖြည်း မြင့်တက်လာရာမှ အပူပြန်တက်တိမ် များဖြစ်ထွန်း၍  မွန်းလွဲ/ညနေပိုင်းတို့တွင်   မိုးတိမ်တောင်များဖြစ်ထွန်းခြင်းကြောင့် လည်းကောင်း လေပြင်းများတိုက်ခတ်ခြင်း၊ လေပြင်းနှင့်အတူ ထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊  မိုးသီးကြွေခြင်း နှင့် နေရာကွက်ကျား မိုးထစ်ချုန်းရွာခြင်းစသည့် မိုးလေဝသဖြစ်စဉ် များ   ဖြစ်ပေါ်နိုင်သည်။   လေပြင်းတိုက်ခတ်စဉ်   မြေပြင်/ရေပြင် လေသည်  တစ်နာရီလျှင်   မိုင် ၄၀ မှ မိုင် ၅၀ အထိ   တိုက်ခတ်နိုင် သည်။
အကြံပြုချက်
သို့ဖြစ်ပါ၍ ပြည်သူများအနေဖြင့် မိုးကြိုကာလဖြစ်သည့် မေလ လယ်မှ မြန်မာနိုင်ငံသို့ အနောက်တောင်မုတ်သုံလေ မဝင်ရောက်မီနှင့် အနောက်တောင်မုတ်သုံလေ ဝင်ရောက်စဉ်ကာလအတွင်း ဖြစ်ပေါ် လာနိုင်သည့်  မိုးလေဝသဖြစ်စဉ်များနှင့်ပတ်သက်၍  အထူးဂရုပြု နေထိုင်သွားကြပါရန်နှင့်  ပြည်တွင်းလေကြောင်းပျံသန်းရေးနှင့် ရေကြောင်းခရီးစဉ်များအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါသည်။
မိုး/ဇလ