မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စစ်တွေမြို့ ရှေးဟောင်းသမိုင်းဝင် ဦးရဲကျော်သူ ကျောင်းတိုက်နှင့် သကျမုနိဘုရားသိမ်တော်ကြီးအား ရှေးမူမပျက် ပြန်လည်ပြုပြင်မှု ကြည့်ရှု

 

နေပြည်တော်  ဩဂုတ်  ၁၆


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ     နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး     မင်းအောင်လှိုင် ၂၀၂၃ ခုနှစ်   ဇူလိုင်  ၁၁ ရက်တွင် ရခိုင်ပြည်နယ်    စစ်တွေမြို့သို့ ရောက်ရှိစဉ် ခရီးစဉ်၌ မိုခါမုန်တိုင်း တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီး မှုများ   ဖြစ်ပေါ်ခဲ့သည့်   စစ်တွေ မြို့ရှိ         ရှေးဟောင်းသမိုင်းဝင် ဦးရဲကျော်သူ      ကျောင်းတိုက် ပင်မကျောင်းဆောင်နှင့်  ကျောင်း တိုက်အတွင်းရှိ သကျမုနိဘုရားကြီး သိမ်တော်တို့အား    မူလလက်ရာ အတိုင်း  ရှေးမူမပျက်  အမြန်ဆုံး ပြန်လည်ပြုပြင်ပေးရန် လမ်းညွှန် မှာကြားချက်အရ ပြန်လည်ပြုပြင် တည်ဆောက်ရေး      လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။


ထိုသို့        ပြန်လည်ပြုပြင် တည်ဆောက်ရေး       လုပ်ငန်းများ ဆောင်ရွက်နေမှုများကို     ယနေ့ နံနက်ပိုင်းတွင် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်   တိုင်းမှူး   ဗိုလ်ချုပ် ထင်လတ်ဦးနှင့်  တာဝန်ရှိသူများ က     ရပ်မိ/ ရပ်ဖများနှင့်အတူ အဆိုပါကျောင်းတိုက်သို့     သွား ရောက်၍ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တ ဇောတိပါလအား  ဖူးမြော် ကြည်ညိုကန်တော့ပြီး      ပင်မ ကျောင်းဆောင်နှင့်    သကျမုနိ ဘုရားသိမ်တော်ကြီး   ပြန်လည် ပြုပြင်ရေးလုပ်ငန်းများ  ဆောင် ရွက်မှုနှင့် ပတ်သက်၍   ဆွေးနွေး လျှောက်ထားတင်ပြကြသည်။    


ဦးစွာ    ပြန်လည်ပြုပြင်ရေး အဖွဲ့တာဝန်ရှိသူများနှင့် သာသနာ ရေးဦးစီးဌာန ရှေးဟောင်းသုတေ သန        ညွှန်ကြားရေးမှူးတို့က ဦးရဲကျော်သူ        ကျောင်းတိုက်ရှိ သကျမုနိဘုရား      သိမ်တော်ကြီး အား  ပြန်လည်ပြုပြင်ဆောင်ရွက် နေမှုအခြေအနေများ၊   သိမ်တော် ကြီးအတွင်း အရောင်မတူ ပျက်စီး နေသည့် ကြွေပြားအဟောင်းများ ခွာ၍         ကြွေပြားအသစ်များ အစားထိုးပြုပြင်ခြင်းနှင့်  အတွင်း/ အပြင်၌ မီး- ရေလိုင်းများ  အသစ် အစားထိုး ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများ နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြ ကြရာ    တိုင်းမှူးက  လိုအပ်သည် များ   ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးသည်။


ထို့နောက် တိုင်းမှူးနှင့် အဖွဲ့ ဝင်များက    ကျောင်းတိုက်ဆရာ တော်အား       ဆွမ်းဆန်တော်၊ လှူဖွယ်ပစ္စည်းများနှင့်     နဝကမ္မ အလှူငွေများ    ဆက်ကပ်လှူဒါန်း ကြပြီး     ပင်မကျောင်းဆောင်နှင့် သကျမုနိဘုရား    သိမ်တော်ကြီး အား  မူလလက်ရာအတိုင်း ရှေးမူ မပျက် ပြန်လည်ပြုပြင်ဆောင်ရွက် နေမှုအခြေအနေများကို လှည့်လည် ကြည့်ရှုရာ    တာဝန်ရှိသူများက လုပ်ငန်း ဆောင်ရွက်မှုများနှင့် ပတ်သက်၍     လိုက်လံရှင်းလင်း ပြသခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်