
ရန်ကုန် ဇွန် ၁
မိုခါ မုန်တိုင်းဒဏ်သင့်ဒေသ ပြည်သူများအတွက် ရုပ်ရှင်၊ ဂီတ၊ သဘင် ရန်ပုံငွေပဒေသာ ဖျော်ဖြေ ပွဲကြီး စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရန် ယနေ့တွင် ရန်ကုန် မြို့ ဒဂုံမြို့နယ် မြို့မကျောင်းရှိ အမျိုးသားဇာတ်ရုံ (ရန်ကုန်) ၌ ကြိုတင်ဇာတ်တိုက် လေ့ကျင့် ကြသည်။
အမျိုးသားဇာတ်ရုံ(ရန်ကုန်)တွင် မိုခါမုန်တိုင်းဒဏ်သင့် ပြည်သူများအတွက် ရုပ်ရှင်၊ ဂီတ၊ သဘင် ပူးပေါင်းတင်ဆက်မည့် ရန်ပုံငွေပဒေသာ ဖျော်ဖြေပွဲကြီးကို စည်ကားသိုက်မြိုက်စွာ ကျင်းပ နိုင်ရန်အတွက် ရုပ်ရှင်၊ ဂီတ၊ သဘင် နယ်ပယ်အသီးသီးမှ အနု ပညာရှင်များ၊ ပါဝင်သရုပ်ဆောင် ကြမည့် သရုပ်ဆောင်များက ကြိုတင်ဇာတ်တိုက် လေ့ကျင့် ကြသည်။
ပဒေသာ ဖျော်ဖြေပွဲကြီးသို့လာရောက်ကြည့်ရှု အားပေးကြ မည့် ပြည်သူများ သွားလာရေး အဆင်ပြေစေရေးအတွက် တက္ကစီ များနှင့် YBS ယာဉ်လိုင်းများ စီစဉ် ဆောင်ရွက်ပေးထားမည် ဖြစ် ကြောင်း သိရသည်။
မိုခါမုန်တိုင်းဒဏ်သင့်ဒေသမှ ပြည်သူများအတွက် အမျိုးသား ကဇာတ်ရုံ(ရန်ကုန်) တွင် ကျင်းပ မည့် ရန်ပုံငွေပဒေသာဖျော်ဖြေပွဲ ကြီး လက်မှတ်များကို ငွေကျပ် ၅၀၀၀ မှ ငွေကျပ် ၃၀၀၀၀ အထိ ရောင်းချပေးလျက်ရှိပြီး အဆိုပါ ရန်ပုံငွေပဒေသာကပွဲကြီး ကို ဇွန် ၂ ရက်မှ ၄ ရက်အထိ ၃ ရက်တိုင် ညနေ ၆ နာရီမှ ည ၉ နာရီခွဲအထိ ရန်ကုန်မြို့ အမျိုးသားဇာတ်ရုံတွင် ဖျော်ဖြေသွားမည်ဖြစ်သည်။
ထိုသို့ ပဒေသာကပွဲကြီးမှ ရရှိလာသော ရန်ပုံငွေများကို မိုခါမုန်တိုင်းဒဏ်သင့် ဒေသမှ ပြည်သူများအတွက် လှူဒါန်းပေး သွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။ သတင်းစဉ်