မိုးခေါင်မှုကို အန်တုပြီး မိသားစုအသက်ရှင်ရေး ရုန်းကန်နေတဲ့ ကင်ညာလယ်သမားများ

 

လင်းဟန်သစ်

ကင်ညာနိုင်ငံရဲ့ လယ်ယာမြေပိုင်ဆိုင်မှုအနည်းငယ် သာရှိတဲ့လယ်သမားတွေဟာ  မိုးခေါင်ခြောက်သွေ့ ကာလနဲ့     ကြုံတွေ့နေရတဲ့ကြားထဲ    စားနပ်ရိက္ခာ မလုံလောက်မှုနဲ့လည်း    ရင်ဆိုင်နပန်းလုံးနေရပါ တယ်။   ပီတာဒိုလိုဟာ    ဒီအခြေအနေတွေကို   တွန်းလှန်ဖယ်ရှားဖို့   ကျောကွဲမတတ်    ပူပြင်းတဲ့   နေရောင်အောက်မှာ   စိုက်ပျိုးလို့ရလိုရငြားသူ့ရဲ့ လယ်မြေလေးကို  ပြုပြင်နေပါတယ်။
ကိုယ့်ကံကြမ္မာကို ကိုယ်တိုင်အဖြေရှာ  
သူ့ရဲ့လယ်ယာမြေအနည်းငယ်ဟာ   ကင်ညာ နိုင်ငံအရှေ့တောင်ပိုင်း   ခြောက်သွေ့တဲ့   မိုးခေါင် ဒေသမှာရှိပြီး  ပြီးခဲ့တဲ့ သီးနှံရိတ်သိမ်းချိန်တုန်းက လည်း    မိုးရေလုံလုံလောက်လောက်   မရရှိခဲ့တဲ့ အတွက် အထွက်နှုန်းမကောင်းခဲ့ပါဘူး။ အောက်တို ဘာလ နောက်တစ်ချိန် မိုးရာသီကာလမှာလည်း ဒီလိုမျိုးထပ်ဖြစ်မလာဘူးလို့ ဘယ်သူမှ မပြောနိုင်ပါ ဘူး။ အဲဒီဒေသရဲ့  ရာသီဥတုက ပူပြင်းခြောက်သွေ့တဲ့ အတွက် ကောင်းဖို့ထက် ဆိုးဖို့ကပိုများနေပါတယ်။ 
တခြားသူတွေလိုပဲ   သူတို့မိသားစုလည်း    သူတို့ ကိုယ်တိုင် သူတို့ မသေချာတဲ့ အခြေအနေကြားမှာ ရှင်သန်နေထိုင်ဖို့ ရုန်းကန်ကြိုးစားနေရပါတယ်။ ကံတရားပေါ်တည်မီနေတဲ့   သူတို့ရဲ့   ကံကြမ္မာကို သူတို့ကိုယ်တိုင် အဖြေရှာနေရပါတယ်။
အကောင်းဆုံးကိုမျှော်လင့်ထား 
ဒီရာသီကိုတော့   အကောင်းဆုံးဖြစ်လာဖို့ မျှော်လင့်ထားပါတယ်။   ပြီးခဲ့တဲ့   ရာသီကတော့ ကျွန်တော့်ရဲ့ ပြောင်းဖူးစိုက်ခင်းက ပြောင်းဖူး ငါးအိတ်ပဲ ထွက်တယ်။ ဟိုးအရင် ၂၀၁၉  တုန်းက တော့ အဲဒီရဲ့နှစ်ဆလောက်ထွက်တယ်။ တဖြည်း ဖြည်းနဲ့   အထွက်နှုန်းတွေ  ကျလာတယ်။ ပဲတွေက လည်း   ရောဂါဘယတွေ   ထူပြောတာကြောင့် အထွက်နှုန်းညံ့ပါတယ်။ ကျွန်တော်   စိုက်ပျိုးလို့ ရတာကို ပြန်ရောင်းရတယ်ဆိုတာ မဆိုစလောက်ပဲ ရှိပါတယ်လို့ ဒိုလိုက စိတ်ပျက်အားငယ်စွာနဲ့ ပြောပါ တယ်။ 
မိုးလေဝသဌာနက ၂၀၂၀ အောက်တိုဘာလ ကနေ ဒီဇင်ဘာလအထိ မိုးနည်းမှုနဲ့ ကြုံတွေ့ခဲ့ပြီး ဒီနှစ်ရဲ့ မတ်လကနေ မေလအထိလည်း မိုးရွာတာ နည်းခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။ 
စားနပ်ရိက္ခာထောက်ပံ့မှုကို အသည်းအသန်လိုအပ် 
ခြောက်သွေ့တဲ့ မိုးခေါင်ဒေသနဲ့ တချို့တစ်ဝက် ခြောက်သွေ့တဲ့   မိုးခေါင်ဒေသ    ၂၃ ခုမှာနေတဲ့  ကင်ညာ ပြည်သူ ၁ ဒသမ ၄ သန်းဟာ စားနပ်ရိက္ခာ ထောက်ပံ့မှုကို အသည်းအသန်လိုအပ်နေတယ်လို့  ကင်ညာတာဝန်ရှိသူတွေက   ဖေဖော်ဝါရီလမှာ ပြောခဲ့ပါတယ်။ နှစ်ရာသီဆက်တိုက်  မိုးခေါင်ရေရှား မှုနဲ့    ကြုံတွေ့ခဲ့တဲ့အတွက်  အခုဆိုရင် အခြေအနေ တွေဟာ    ပိုဆိုးလာပါတယ်။ နိုင်ငံရဲ့ မိုးခေါင်ရေရှား တဲ့ဒေသတွေဖြစ်တဲ့    မြောက်ပိုင်းနဲ့    အရှေ့ မြောက်ပိုင်း၊ ကမ်းရိုးတန်းဒေသတွေမှာ နေထိုင်တဲ့ ကင်ညာပြည်သူ   ၂ ဒသမ   ၁ သန်းဟာ နောက် ခြောက်လဆို စားနပ်ရိက္ခာအကူအညီတွေ လိုအပ် လာမှာ ဖြစ်ပါတယ်။
အနာဂတ်ဖြစ်နိုင်ခြေကလည်း အခြေအနေဆိုးဖို့ပဲရှိ 
ကင်ညာနိုင်ငံဟာ ပြည်သူတွေကို အငတ်ဘေး ဆိုက်စေမယ့် မိုးခေါင်ရေရှားခြင်းကို    အမျိုးသား သဘာဝကပ်ဘေးအဖြစ်  စက်တင်ဘာ ၈ ရက်က ကြေညာခဲ့ပါတယ်။ အနာဂတ်ဖြစ်နိုင်ခြေကလည်း နောက်ထပ် ဒီထက်အခြေအနေတွေ    ပိုဆိုးဖို့ပဲရှိပါ တယ်။ အောက်တိုဘာ မိုးရာသီဟာလည်း အရင်က ပျမ်းမျှမိုးရေချိန်ထက် လျော့နည်းပြီး  မိုးရွာနိုင်တဲ့   အခြေအနေ ရှိနေပါတယ်။
ကြေညာချက် ထုတ်ပြန်လိုက်ခြင်းက     သဘာဝ အရင်းအမြစ်ရွှေ့ပြောင်းမှုကို    ဖြစ်ပေါ်စေသလို တချို့လူသားချင်းဆိုင်ရာ  ဖေးမကူညီမှုကို   ဖြစ်စေ ပါတယ်။ 
အမျိုးသားမိုးခေါင်ရေရှားစီမံခန့်ခွဲမှု အာဏာပိုင် အဖွဲ့ (အင်န်ဒီအမ်အေ)က ကိုဗစ်-  ၁၉ ကပ်ရောဂါ ကြောင့်  ဖြစ်ပေါ်လာတဲ့   စားနပ်ရိက္ခာထောက်ပံ့ရေး ဆိုင်ရာ လှုပ်ရှားဆောင်ရွက်မှုကို ကျဉ်းမြောင်းစေ ခြင်း၊ လယ်ယာလုပ်ငန်းတွေကို ဆက်လက်မလုပ် ကိုင်နိုင်တော့ခြင်း၊     လယ်ယာလုပ်ငန်းအတွက် လိုအပ်တဲ့အကူအညီ  ထောက်ပံ့မှုတွေကို အနှောင့် အယှက်အဟန့်အတားဖြစ်စေခြင်း    စတဲ့နှောင့်ယှက် ဟန့်တားမှုတွေဟာ ခြောက်သွေ့တဲ့ မိုးခေါင်ဒေသနဲ့ တချို့တစ်ဝက်ခြောက်သွေ့တဲ့ မိုးခေါင်ဒေသတွေကို ပိုဆိုးစေတယ်လို့ ပြောပါတယ်။ 
ကိုယ့်မိသားစု အငတ်ဘေးနဲ့ ရင်ဆိုင်ရမယ်
ဒိုလို  တို့နေထိုင်တဲ့   ခြောက်သွေ့တဲ့     မိုးခေါင် ဒေသနဲ့ တချို့တစ်ဝက်ခြောက်သွေ့တဲ့ မိုးခေါင်ဒေသ တွေမှာရှိတဲ့ လူတွေအားလုံး ဆင်းရဲမွဲတေမှုအဆင့် သတ်မှတ်ချက်အရ   စားနပ်ရိက္ခာမလုံလောက်မှုကို အများဆုံး ရင်ဆိုင်ရနိုင်ပါတယ်။ 
မိုးရွာနောက်ကျရင်   စိုက်ထားပျိုးထားတဲ့မျိုးစေ့ တွေ   သေနိုင်တဲ့   အန္တရာယ်ကိုလည်း    ကြံ့ကြံ့ခံရ သလို  မြေကြီးထဲမှာထည့်ထားတဲ့ သွင်းအားစုတွေ လည်း အဟောသိကံဖြစ်ကုန်မှာပါ။   မဆိုစလောက် မိုးရေလေးနဲ့   တစ်နိုင်တစ်ပိုင်   ထွန်ယက်စိုက်ပျိုး အသက်မွေးနေတဲ့    ဒိုလို   တို့လို    လူတွေအတွက် တခြားစိုးရိမ်ပူပန်စရာလည်း   ရှိပါသေးတယ်။ သိမ်း ထားတဲ့ ပြောင်းဖူးဆန်အိတ်အနည်းငယ်ကို ကိုယ်စား ဖို့နဲ့ တိရစ္ဆာန်ကျွေးဖို့    ဝေခွဲနေရတာပဲ   ဖြစ်ပါတယ်။ ကိုယ်စားဖို့     လုပ်ပြန်ရင်လည်း   တိရစ္ဆာန်တွေ အာဟာရပြတ်တောက်ပြီး   ချည့်နဲ့လာမယ်။ ကိုယ် မစားပြန်ရင်လည်း   ကိုယ့်မိသားစု   အငတ်ဘေးနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
စိုက်ပျိုးရေးဟာ နိုင်ငံစီးပွားရေးမှာ 
အဓိက ကျောရိုးဖြစ်  
ကုလသမဂ္ဂအစားအစာနဲ့ လယ်ယာစိုက်ပျိုးရေး အဖွဲ့ (အက်ဖ်အေအို)က သြဂုတ်လက ခြောက်သွေ့ တဲ့ မိုးခေါင်ဒေသနဲ့  တချို့တစ်ဝက်ခြောက်သွေ့တဲ့မိုးခေါင်ဒေသ ၂၃ ခုကို သြဂုတ်လကနေ ဒီဇင်ဘာလ အထိ ထောက်ပံ့ဖို့ အမေရိကန်ဒေါ်လာ ၈၇ သန်း လိုအပ်တယ်လို့ ပြောခဲ့ပါတယ်။
၀ ဒသမ ၈၁ ဟက်တာသာရှိတဲ့   သူ့ရဲ့ လယ်ထဲ မှာ ပျားမွေးမြူရေးပါလုပ်နေတဲ့ ဒိုလိုက   ရာသီဥတု ပြောင်းလဲခြင်းက  သူ့ရဲ့  စွန့်စားမြှုပ်နှံမှုကိုလည်း အန္တရာယ်ဖြစ်စေတယ်လို့ ပြောပါတယ်။
အကယ်၍ ခြောက်သွေ့ရာသီသာ အချိန်ကြာမြင့် စွာ ဆက်လက်ဖြစ်ပေါ်နေမယ်ဆိုရင် ပျားတွေလည်း  ရွှေ့ပြောင်းမှုတွေ ပြုလုပ်ကုန်တော့မှာပဲ ဖြစ်ပါတယ်။ အဲဒီလိုပဲ   အလွန်ခြောက်သွေ့တဲ့       အခြေအနေပေါ် မူတည်ပြီး ပျားရည်ရဲ့   အရည်အသွေးဟာလည်း အပြောင်းအလဲရှိပါတယ်။ 
ကင်ညာရဲ့   စီးပွားရေးမှာ   စိုက်ပျိုးရေးဟာ အဓိက   ကျောရိုးမကြီးဖြစ်နေသေးသလို ကျေးလက် ဒေသကို အမှီပြုနေတဲ့လုပ်သားတွေလည်း များနေ ပါသေးတယ်။ 
ဒီလမှာ ထုတ်ပြန်လိုက်တဲ့ ပြည်တွင်းစီးပွားရေးအစီရင်ခံစာတစ်စောင်မှာတော့ နိုင်ငံရဲ့ စိုက်ပျိုးရေး ဟာ ၂၀၁၉ ခုနှစ်မှာ ၂ ဒသမ ၃ ရာခိုင်နှုန်းရှိရာမှ ၂၀၂၀ ခုနှစ်မှာ ၄ ဒသမ ၆ ရာခိုင်နှုန်းအထိ မြင့်တက် လာတာ ကိုဖော်ပြထားပါတယ်။ မိုးခေါင်ရေရှားမှုကို တုံ့ပြန်ဆောင်ရွက်ရာမှာ အစိုးရအနေနဲ့ အမေရိကန် ဒေါ်လာ ၁၈ သန်းစိုက်ထုတ်ပြီး အားသွန်ခွန်စိုက် လုပ်နေရပါတယ်။  သို့သော်လည်း  အခြေအနေတွေ ဘယ်လို ဖြစ်လာမလဲဆိုတာကတော့ မပြောနိုင်သေး ပါဘူး။       ။                              

ကိုးကား-ဆင်ဟွာ