မိုခါ (MOCHA) ဆိုင်ကလုန်း မုန်တိုင်းဒဏ်သင့် ရခိုင်ပြည်နယ်၌ မိုးစပါး ရာနှုန်းပြည့်စိုက်ပျိုးနိုင်ရေး ကြိုးပမ်းဆောင်ရွက်

 

နေပြည်တော်  ဇူလိုင် ၂၀
ဆိုင်ကလုန်းမုန်တိုင်း  မိုခါကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့်       ရခိုင် ပြည်နယ်တွင်    လယ်ယာကုန် ထုတ်လုပ်မှုလျော့ကျမှု   မရှိစေရေး နှင့် ဒေသ၏ စားရေရိက္ခာလုံလောက် မှုရှိစေရေးအတွက်    စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာနက     မျိုးစပါးနှင့်   ဟင်းသီး ဟင်းရွက်မျိုးစေ့များကို သက်ဆိုင်ရာ ဌာနများ   တပ်ရင်းတပ်ဖွဲ့များနှင့် ပူးပေါင်း၍   တောင်သူလက်ဝယ် အရောက်         ပို့ဆောင်ထောက်ပံ့ ပေးအပ်ပြီးဖြစ်သည်။
  ပြင်ဆင်ဆောင်ရွက်
ယင်းသို့      ထောက်ပံ့ရာတွင် ယနေ့အထိ       ရခိုင်ပြည်နယ်သို့ ပေါ်ဆန်းရင်  ၄၀၀၆၇ တင်း၊ GW-11 တင်း ၂၁၅၀၀ ၊ နှံကောက်တင်း ၇၈၃၀၊ ကြားပျံတင်း ၄၀၀၀ မျိုးစပါး များ ရောက်ရှိပြီးဖြစ်ကာ တောင်သူ များ     လက်ဝယ်သို့   စုစုပေါင်း မျိုးစပါး ၇၃၃၉၇ တင်း၊    ဓာတ်မြေ ဩဇာ ၄၃၁၉၁ အိတ်   ဖြန့်ဖြူးပြီး ဖြစ်ပြီး၊      စိုက်ပျိုးမြေပြင်ခြင်း လုပ်ငန်းအနေဖြင့်  မိုးစပါးစိုက်ပျိုး ရန် ၆၀၄၇၈၉ ဧက  မြေပြုပြင်ပြီး ဖြစ်ကာ ၃၆၀၈၃၆ ဧက စိုက်ပျိုးပြီး ဖြစ်ကြောင်းနှင့် မိုးစပါး ရာနှုန်းပြည့် စိုက်ပျိုးနိုင်ရေး     ပြင်ဆင်ဆောင် ရွက်လျက်ရှိသည်။ 
အလားတူ  အိမ်ခြံဝင်းအတွင်း တစ်ပိုင်တစ်နိုင် ဟင်းသီးဟင်းရွက် များ စိုက်ပျိုးနိုင်ရန်   စိုက်ပျိုးရေး ဦးစီးဌာန(ရုံးချုပ်)မှ    ဟင်းသီး ဟင်းရွက်မျိုးစေ့ စုစုပေါင်းအထုပ် ၅၈၅၀၀  ကို    တပ်ရင်းတပ်ဖွဲ့များ အတွက်အထုပ်  ၂၀၀၀၀၊    ဌာန ဆိုင်ရာများအတွက်  ၁၉၈၅ ထုပ်၊ ဒေသခံ      ပြည်သူများအတွက် ၃၆၅၁၅ ထုပ်   ထောက်ပံ့ဖြန့်ဖြူးခဲ့ပြီးဖြစ်သည်။
လေကာပင်များစိုက်ပျိုး
ထို့အပြင် သဘာဝဘေးဒဏ်ခံ နိုင်သည့်   လေကာပင်များအဖြစ် စိုက်ပျိုးနိုင်ပြီး   ဒေသနေပြည်သူ များ    ဝင်ငွေတိုးနှစ်ရှည်သီးနှံပင် အဖြစ်   စိုက်ပျိုးနိုင်ရန်  ယနေ့အထိ အုန်းသီး အလုံး ၄၁၀၀၀  ကျော် စုဆောင်းထားရှိပြီး   အုန်းပျိုးပင် ၃၆၀၀၀  ကျော်  ပျိုးထောင်ထား ရှိ၍  ဧက  ၇၀ ကျော်  စိုက်ပျိုးထား ရှိပြီးဖြစ်ကြောင်း      သတင်းရရှိ သည်။                     သတင်းစဉ်