
နေပြည်တော် နိုဝင်ဘာ ၂၂
ကချင်ပြည်နယ် မိုးကောင်းမြို့နယ်၌ နိုဝင်ဘာ ၂၁ ရက်က မီတာပုံး ဝိုင်ယာရှော့ဖြစ်ရာ မှတစ်ဆင့် မီးလောင်မှုဖြစ်ပွားသည်။
ဖြစ်စဉ်မှာ နိုဝင်ဘာ ၂၁ ရက် ညနေ ၃ နာရီ မိနစ် ၅၀ ခန့်တွင် မိုးကောင်းမြို့နယ် လမ်းခွကျေးရွာနေ မရစ်ကိုင် (၇၈)နှစ်၏ နေအိမ်မီးလောင်မှုဖြစ်ပွားကြောင်း သတင်း အရ နမ္မတီးနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ နမ္မတီးမြို့မီးသတ်စခန်းမှ မီးသတ် တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က မီးသတ်ယာဉ်နှစ်စီးနှင့် ရေသယ်ယာဉ်တစ်စီး တို့ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ၂၅ မိနစ်ခန့်အကြာတွင် မီးငြိမ်းသွားခဲ့ကြောင်း၊ ဖြစ်စဉ်အား စိစစ်ခဲ့ရာ မရစ်ကိုင်၏ နေအိမ်အောက်ထပ်ရှိ မီတာပုံးမှ ဝိုင်ယာရှော့ဖြစ်ကာ မီးကူးစက်လောင်ကြောင်း၊ မီးလောင်မှုကြောင့် သွပ်မိုး၊ ပျဉ်ခင်း၊ ပျဉ်ကာ နှစ်ထပ် နေအိမ်တစ်လုံး မီးလောင်ဆုံးရှုံးခဲ့သောကြောင့် မရစ်ကိုင်အား နမ္မတီးနယ်မြေရဲစခန်းက အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
ရဲပြန်ကြား