မိုးကောင်းမြို့၌ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ ကျပ်သိန်း ၁၂၉၁ သိန်းကျော် ထုတ်ချေး

 

မိုးကောင်း   ဩဂုတ်  ၃၀


ကချင်ပြည်နယ် မိုးကောင်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ က  ကားမိုင်းကျေးရွာအုပ်စု တောင်သူလယ်သမား ၉၃ဦးအား  မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေကျပ်   ၁၂၉၁   သိန်းကျော်ကို   ဩဂုတ် ၂၉ ရက် နံနက်ပိုင်းက ထုတ်ချေးပေးကြောင်း သိရသည်။

 


၂၀၂၂ ခုနှစ်မေလမှစတင်၍ စိုက်ပျိုးစရိတ်ချေးငွေများထုတ်ချေးပေးခဲ့ရာ   ယနေ့အချိန်ထိ  မိုးကောင်းမြို့နယ်ရှိကျေးရွာ  ၃၆  ရွာရှိ တောင်သူ ၂၃၃၇ ဦးအတွက် ချေးငွေကျပ် ၂၆၆၉၄ သိန်းကိုလည်းကောင်း၊ ဖားကန့် မြို့နယ်ကျေးရွာ ၁၀ ရွာရှိ တောင်သူ ၂၅၅ ဦးအတွက် ချေးငွေ ကျပ် ၃၁၅၆ သိန်းကိုလည်းကောင်း ထုတ်ချေးပြီးဖြစ်သည်။ 

 


မိုးကောင်း၊ ဖားကန့်နှင့် တနိုင်းမြို့နယ်ရှိ ၂၀၂၀ နှင့်  ၂၀၂၁  မိုး (စိုက်ပျိုးစရိတ်ချေးငွေ)     ပြေကျေသူ     တောင်သူလယ်သမား များအတွက်   ချေးငွေကျပ် ၃၄၇၄၉ သိန်းထုတ်ချေးရန် လျာထားပြီး    ကျန်ကျေးရွာအုပ်စုများကို    စက်တင်ဘာလအတွင်း   ဆက်လက် ထုတ်ချေးပေးမည်ဖြစ်ကြောင်း  မြို့နယ်မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ် မှ သိရသည်။    

                                       

သန်းလွင်ဦး  (ပြန်/ဆက်)