မိုးစပါးစံကွက်ရိတ်သိမ်း တစ်ဧက ၁၁၅ ဒသမ ၉၅ တင်းနှုန်းထွက်ရှိ

 

မန္တလေး ဒီဇင်ဘာ  ၅


မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်တွင် ခရိုင်အဆင့်မိုးစပါး စံကွက်ရိတ်သိမ်းခြင်းကို ဒီဇင်ဘာ ၄ ရက်က မနောယျမအုပ်စု ကွင်း အမှတ် (၄၅၆) ရှိ တောင်သူဦးလှစိုး၏ စိုက်ခင်း၌ ပြုလုပ်ရာ တစ်ဧက ပျမ်းမျှ ၁၁၅ ဒသမ ၉၅ တင်းနှုန်းထွက်ရှိသည်။

 

စံကွက်ရိတ်သိမ်းရာသို့ မန္တလေးတိုင်းဒေသကြီး  စိုက်ပျိုးရေးဦးစီးဌာန  တိုင်းဒေသကြီးဦးစီးမှူး ဦးတိုးမင်း၊ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး များ၊ မန္တလေးခရိုင် စိုက်ပျိုး‌ရေးဦးစီးမှူး ဦးချစ်ဆွေဦး၊ လယ်ယာမြေနှင့် စာရင်းအင်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးအောင်မြင့်မော်၊ မြို့နယ်စိုက်ပျိုး ရေး၊ လယ်ယာမြေနှင့်စာရင်းအင်းဦးစီးဌာနမှ  ဝန်ထမ်းများ   ကြည့်ရှု လေ့လာကြကြောင်း သိရသည်။                            

မောင်ကျော်ကြီး