မျိုးဆက်သစ်တို့အောင်လံထူ
မြန်ဇမ္ဗူဘေးမသန်း အေးချမ်းစေချင်
v လေယာဉ်မောင်းသင် တိုးတက်ရစ်
မျိုးဆက်သစ် တပ်မတော်(လေ)။
အာကာဘုံ လွှမ်းခြုံဖို့
ဘက်စုံကျင့်စေ။
လက်ဆင့်ကမ်း ပေးမျှဝေ
ပညာမွေ စုံနိုင်ရိုးလား။
တို့ဝေဟင် တို့စိုးမိုး
ကြိုးကုတ် သင်ကြား။
v စစ်ဗျူဟာ စစ်ကစား
ဆန်းပြားလှ မျိုးစုံလင်။
စုံဆန်ကာ ဝဲပျံသန်း
ထုံမွမ်း မောင်းသင်။
ကောင်းကင်ထက် ပျံသန်းစဉ်
ကျွမ်းကျင်မှ အောင်မည်ဖြစ်။
စက်လေယာဉ် ချွတ်မယွင်းအောင်
သက်သွင်းလို့ချစ်။
v ပြည်မြန်မာ ချစ်အပ်စွ
တို့တပ်က ညွန့်ခက်ဝေ။
အားအင်တွေ စဉ်ဖြည့်ထပ်
တို့တပ်တော်(လေ)။
အရည်အချင်းနဲ့ အရည်သွေးတွေ
တိုးတက်နေ အံ့မခန်း။
နေ့ညမသွေ စဉ်လေ့ကျင့်
ထူးတင့်တိုက်စွမ်း။
v သက်မဲ့ယာဉ် သက်သွင်းလို့
စက်နဲ့ယှဉ် ခက်မယွင်းဖို့
တက်ဆင်းလို့ မောင်းကာနှင်။
ဆောင်းမိုးနွေ အာခံရင်း
မာန်သွင်းလို့သင်။
ပြည်မြန်မာရဲ့ မိုးကောင်းကင်
ထိုးစစ်ဆင် စစ်ကစား။
တို့မြေရေ ကျူးလာစမ်းရင်ဖြင့်
သက်သေပစေ အထူးသာစွမ်းနှင်မပေါ့
ပြည်တစ်ဝှမ်းတွင် အောင်လံတလူလူလွင့်လို့
သက်တမ်းဝင် စိန်ရတုမှာလ
ချိန်ယခု အလံထူသည်
မြန်ဇမ္ဗူ ဘေးမသန်း
အေးချမ်းစေသား။ ။
ရွှေညာမြေမြတ်သင်းကြိုင်



