
သီပေါ အောက်တိုဘာ ၉
ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန အနေဖြင့် လယ်ယာကဏ္ဍဖွံ့ဖြိုး တိုးတက်ရေး၊ စားနပ်ရိက္ခာဒေသ ဝမ်းစာဖူလုံရေး၊ တောင်သူလယ် သမားများ မျိုးကောင်းမျိုးသန့် များ ထုတ်လုပ်နိုင်ရေး မျိုးစေ့ ထုတ်လုပ်ပြီး တောင်သူများ ဝင်ငွေတိုးပွားစေရေး၊ လယ်ယာ ထွက်ကုန်များ ဈေးကွက်တွင် ယှဉ်ပြိုင်နိုင်ရေးတို့ကို ရည်ရွယ် လျက် မျိုးကောင်း မျိုးသန့် မျိုးသန့်ပွား စံပြစိုက်ခင်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက် လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ရာတွင် သီပေါမြို့နယ်၌ မှော်ဘီ-၂ မျိုးသန့် မျိုးပွား မျိုးစေ့(RS) ကို ၂၀၂၁ ခုနှစ် မိုးရာသီတွင် ဧက ၃၀ စံပြကွက်နှင့် ခေါင်နှံမျိုးသန့်ပွား စံပြကွက် ငါးဧကဆောင်ရွက် လျက်ရှိပြီး မှော်ဘီ-၂ မျိုးသန့် မျိုးပွားမျိုးစေ့(RS)ကို ပေါ်ကြို ကျေးရွာအုပ်စု မော်ကေဆားတွင်း ကျေးရွာ တောင်သူ ၁၆ ဦးတို့က ဧက ၃၀ ဆောင်ရွက်ကာ ခေါင်နှံ မျိုးသန့်ပွားစံပြကွက်ကို မော်ကေ ဆားတွင်းကျေးရွာ တောင်သူ ဦးစိုင်းအောင်ပု လယ်မြေ၌ နှစ်ဧကစိုက်ပျိုးထားသည်။
အဆိုပါ မျိုးစေ့ထုတ်စိုက်ခင်း များ စိုက်နည်းစနစ် မှန်ကန်ရေး မျိုးကွဲနုတ်ပယ်ခြင်း၊ ပေါင်းမြက် ရှင်းလင်းခြင်း၊ သဘာဝမြေဩဇာ ဓာတ်မြေဩဇာစသည့် သွင်းအား စုများကို အချိန်ကိုက်အချိုးကျ သုံးစွဲနိုင်ရေးတို့ကို မြို့နယ်စိုက်ပျိုး ရေးဦးစီးဌာနမှူး ဦးထွန်းမင်းဦးနှင့် စိုက်ပျိုးရေးဝန်ထမ်းများ၊ ကွင်း တာဝန်ခံများက တောင်သူများနှင့် ပူးပေါင်း၍ ယနေ့မှစတင်ကာ ကွင်းဆင်းကူညီဆောင်ရွက်ပေးလျက်ရှိသည်။
မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် အကျိုးဆောင်တောင်သူများ ပူးပေါင်းဆောင်ရွက်မှုဖြင့် ၂၀၂၀ ပြည့်နှစ် စိုက်ပျိုးရာသီတွင် မှော်ဘီ-၂ စပါးမျိုးကို ၁၈၅၆ဧက စိုက်ပျိုးနိုင်ခဲ့ပြီး ယခု ၂၀၂၁ခုနှစ် မိုးရာသီတွင် မှော်ဘီ-၂ စပါးမျိုး ကို ဧက ၃၀၂၆ စိုက်ပျိုးခဲ့သဖြင့် စပါးဧက ၁၁၇၀ ပိုမိုတိုးချဲ့ စိုက်ပျိုးနိုင်ကြောင်း သိရသည်။
စိုင်း(သီပေါ)