မိုးအဆက်မပြတ်ရွာသွန်းမှုနှင့် တောင်ကျရေများကြောင့် ဒုဋ္ဌဝတီမြစ်ရေလျှံ၊ အိမ်အချို့ ရေဝင်နစ်မြုပ်

 

သီပေါ  အောက်တိုဘာ ၁၃


ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါ မြို့နယ်၌ယမန်နေ့ညက မိုးအဆက် မပြတ် ရွာသွန်းမှုနှင့် တောင်ကျရေ များကြောင့်   ဒုဋ္ဌဝတီမြစ်ရေလျှံ ကာ   အနိမ့်ပိုင်းဒေသဖြစ်သည့် ဈေးရပ်ကွက်နှင့် ပန်းတိမ်တောင် ရပ် တို့တွင်  ရေကြီးရေလျှံမှုဖြစ်ကာ  အိမ်ထောင်စု ၂၄ စုတို့မှ ပြည်သူ များအား  ကယ်ဆယ်ရေးစခန်း အဖြစ် ဖွင့်လှစ်ထားသည့် မြို့လယ် ဓမ္မာရုံ    သာသနာ့ဗိမာန်တော်သို့ ပြောင်းရွှေ့ နေရာချထားပေးသည်။


မိုးရွာသွန်းမှုကြောင့်  ဒုဋ္ဌဝတီ မြစ်နှင့်     နမ့်ပေါ့ချောင်းဆုံရာ မြေထိန်းနံရံ တာတမံများ ပြိုကျ ပျက်စီးမှုမဖြစ်ပေါ်စေရန် တာယာ များ၊ သဲအိတ်များဖြင့် ဖြည့်ဆည်း ဆောင်ရွက်ခြင်း  လုပ်ငန်းများကို  မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ    ဦးအောင်စိုးဝင်း    ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ၊ မြို့နယ်သဘာဝ ဘေးဆိုင်ရာ     စီမံခန့်ခွဲမှုအဖွဲ့၊   နယ်မြေခံ    တပ်ရင်းတပ်ဖွဲ့များ၊  မီးသတ်၊    ကြက်ခြေနီ၊    လူမှုရေး အသင်းအဖွဲ့များ၊ အင်အား ၂၅၀ ကျော်တို့က ပါဝင်ဆောင်ရွက်ကြ သည်။


အဆိုပါ လုပ်ငန်းဆောင်ရွက် ရာသို့ ကျောက်မဲခရိုင် စီမံအုပ်ချုပ် ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်မြင့်ဦးနှင့် တာဝန်ရှိသူများ ရောက်ရှိအားပေး ပြီး သဘာဝဘေးအန္တရာယ်ဖြစ်ပေါ် လာပါက ကူညီကယ်ဆယ်နိုင်ရေး အတွက်   မီးသတ်ဦးစီးဌာနတွင်   ပြင်ဆင်ဆောင်ရွက်ထားရှိမှုများ၊   မိုးမခစက်လှေဆိပ်   မြေထိန်းနံရံ၊ သီပေါဒုဋ္ဌဝတီ မြစ်ကူးတံတားကြီး အား  သွားရောက်ကြည့်ရှုစစ်ဆေး ပြီးနောက်   ရေဘေးကယ်ဆယ် ရေးစခန်းရှိ အိမ်ထောင်စုများကို ကြည့်ရှုအားပေးစကား  ပြောကြား သည်။                      

စိုင်း(သီပေါ)