မိတ္ထီလာ ဩဂုတ် ၂၈
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာ မြို့၌ ( ၁၄၁ ) ကြိမ်မြောက် သမိုင်း ဝင် ဖောင်တော်ဦးစေတီတော် ဗုဒ္ဓ ပူဇနိယပွဲတော်ကို စက်တင်ဘာ ၁ဝ ရက်မှ ၁၇ ရက်အထိ စည်ကား သိုက်မြိုက်စွာ ကျင်းပမည်ဖြစ် ကြောင်း သိရသည်။
“တော်သလင်းလတိုင်း နှစ်စဉ် ကျင်းပမြဲဖြစ်တဲ့ သမိုင်းဝင် ဖောင်တော်ဦးစေတီတော် ဗုဒ္ဓ ပူဇနိယပွဲတော်ကို စက်တင်ဘာ ၁ဝ ရက်ကစတင်ပြီး စက်တင်ဘာ ၁၇ ရက် တော်သလင်းလပြည့်နေ့ အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမှာ ဖြစ်ပါတယ်။
တော်သလင်းလဆန်း ၈ ရက်မှာ ဖောင်တော်ဦး စေတီတော်မြတ် ဘုရားအနေကဇာတင်ခြင်း၊ ဘုရား အမှူးရှိသော သံဃာတော်မြတ် များကို ဆွမ်းနှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခြင်း အစပြုပြီး ဆွမ်းသပိတ်လောင်းလှူပွဲ၊ မြန်မာ့ ရိုးရာ လောင်းလှေပြိုင်ပွဲများကို လည်း ထည့်သွင်းကျင်းပသွားမှာ ဖြစ်ပါတယ်”ဟု အဆိုပါစေတီ တော်ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးခင်ညို က ပြောသည်။
အဆိုပါသမိုင်းဝင် ဖောင်တော် ဦးစေတီတော် ဗုဒ္ဓပူဇနိယပွဲတော် တွင် ဆွမ်းသပိတ်လောင်းလှူပွဲ၊ မြန်မာ့ရိုးရာ လောင်းလှေပြိုင်ပွဲ များအပြင် ခြင်းအလှခတ်ပွဲ၊ ပျော်ပွဲ ရွှင်ပွဲနှင့်ပွဲဈေးတန်း ဈေးအရောင်း ဆိုင်များ၊ အရောင်းပြခန်းများကို ထည့်သွင်းပြသရောင်းချသွားမည် ဖြစ်ကြောင်း သိရသည်။ အထူး သဖြင့် လှေပြိုင်ပွဲသည် အထက် အညာဒေသတစ်ခွင် အစည်ကား ဆုံးပြိုင်ပွဲကြီးတစ်ခု ဖြစ်သည်။
ချမ်းသာ(မိတ္ထီလာ)