မိတ္ထီလာမြို့နယ်၌ စက်ရက်ကန်း၊ စက်မောင်း/စက်ပြင်သင်တန်း အခမဲ့ ဖွင့်လှစ်သင်ကြား

 

မိတ္ထီလာ   အောက်တိုဘာ   ၂၉


မန္တလေးတိုင်းဒေသကြီး မိတ္ထီလာ မြို့နယ် ရက်ကန်းနှင့် အသက်မွေး ပညာသင်တန်းကျောင်းမှ  ချည်မျှင် နှင့်အထည်စက်ရုံများ၌    နည်း စနစ်ကျပြီး          ကျွမ်းကျင်သော စက်ရက်ကန်း၊      စက်မောင်း/စက်ပြင်ပညာရှင်များ တိုးပွားလာ စေရန် စက်ရက်ကန်း၊ စက်မောင်း/ စက်ပြင်သင်တန်းကို      အခမဲ့ ဖွင့်လှစ်သင်ကြားပေးမည်   ဖြစ် ကြောင်း သိရသည်။

 


ရက်ကန်းနှင့်     အသက်မွေး ပညာသင်တန်းကျောင်း (မိတ္ထီလာ) က  လေ့ကျင့်သင်ကြားပေးသော စက်ရက်ကန်း၊       စက်မောင်း/စက်ပြင်ပညာဖြင့်  နိုင်ငံတော်ပိုင် နှင့်ပုဂ္ဂလိကပိုင်     ချည်မျှင်နှင့် အထည်စက်ရုံများအတွက် နည်း စနစ်ကျပြီး       ကျွမ်းကျင်သော စက်မောင်း/စက်ပြင်ပညာရှင်များ မွေးထုတ်ပေးရန်၊    နည်းစနစ်ကျ မှန်ကန်သော   ရက်ကန်းအတတ် ပညာရှင်များ   တိုးပွားလာစေ၍ အရည်အသွေးပြည့်မီပြီး စျေးကွက် ဝင်သော    အထည်အလိပ်များ တိုးမြှင့်ထုတ်လုပ်နိုင်စေရန်၊  မိမိ ကိုယ်ပိုင်လုပ်ငန်း    လုပ်ကိုင်လိုသူ များ  တိုးပွားလာစေပြီး   ဆင်းရဲ နွမ်းပါးမှုလျှော့ချစေရန် အသက်မွေးဝမ်းကျောင်းပညာတတ်ခြင်းအားဖြင့်      လူ့စွမ်းအားအရင်း အမြစ်   ဖွံ့ဖြိုးတိုးတက်လာစေရန် နှင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ စက်ရက်ကန်း၊ စက်မောင်း/စက်ပြင်သင်တန်းကို သင်တန်းသား ၁၀ ဦးဖြင့် နိုဝင်ဘာ ၈ ရက်မှစတင်၍   စက်ချိန်တွယ် နည်း၊ စက်ပြင်နည်း၊ ရက်ခတ်နည်း ဘာသာရပ်များကို       သင်တန်း ကာလနှစ်လကြာ   အခမဲ့ဖွင့်လှစ် သင်ကြားပေးမည်  ဖြစ်ကြောင်း ကျောင်းအုပ်ကြီး  ဒေါ်ခင်စန်းတင် ထံမှ သိရသည်။

 


အဆိုပါ        စက်ရက်ကန်း၊ စက်မောင်း/ စက်ပြင်ကာလတို သင်တန်းကို  သင်တန်းတက်ရောက် လိုသူများအနေဖြင့် ပညာအရည် အချင်း      ကန့်သတ်ချက်မရှိဘဲ တက်ရောက်နိုင်မည်     ဖြစ်ပြီး သင်တန်းတက်ရောက်လိုသူများ ရက်ကန်းနှင့်  အသက်မွေးပညာ သင်တန်းကျောင်း (မိတ္ထီလာ)သို့ လာရောက်        လျှောက်ထားနိုင် ကြောင်း သိရသည်။ ယင်းသင်တန်း သို့ တက်ရောက်လိုသော သင်တန်း သား သင်တန်းသူများအား ချည်မှ အထည်ဖြစ်သည့်အထိ   လုပ်ငန်း အဆင့်ဆင့်တိုင်းကို     စာတွေ့ လက်တွေ့သင်ကြား      ပို့ချခြင်း ကြောင့် ကျွမ်းကျင်အလုပ်သမား ဘဝမှ ကိုယ်ပိုင်လုပ်ငန်းထူထောင် နိုင်သော       လုပ်ငန်းရှင်အဖြစ် ပြောင်းလဲနိုင်သော အခွင့်အရေး များ   ရရှိမည်ဖြစ်ကြောင်း   သိရ သည်။    

    
သိန်းမြင့်ကျော်(မိတ္ထီလာ)