မိတ္ထီလာမြို့၌ မသိုးသင်္ကန်းပြိုင်ရက်ပူဇော်ပွဲနှင့် ဆွမ်းသပိတ်လောင်းလှူပွဲကျင်းပမည်

 

မိတ္ထီလာ   အောက်တိုဘာ   ၂ဝ


မိတ္ထီလာမြို့      နန်းတော်ကုန်း ရပ်ကွက် တွင်    တည်ထားကိုးကွယ် သော   နဂါးရုံမဟာဗောဓိစေတီ တော်၏    (၅၃)  ကြိမ်မြောက်   မသိုးသင်္ကန်း   ပြိုင်ရက်ပူဇော်ပွဲ နှင့်    ဆွမ်းသပိတ်လောင်းလှူပွဲ ကို တန်ဆောင်မုန်းလဆန်းမှစ၍ ကျင်းပမည်ဖြစ်ကြောင်း   ဂေါပက အဖွဲ့မှ သိရသည်။


“တန်ဆောင်မုန်းလဆန်း ၁၄ ရက်နေ့ ညနေပိုင်းက စတင်ပြီး မသိုးသင်္ကန်းပြိုင်ရက်ပူဇော်ပွဲကို  ကျင်းပမှာဖြစ်ပြီး     ပြိုင်ရက်ပူဇော် ပွဲက ရရှိလာတဲ့   မသိုးသင်္ကန်းတွေ ကို    တန်ဆောင်းမုန်းလပြည့်နေ့ နံနက်     အရုဏ်မတက်မီအချိန်  မှာ  နဂါးရုံမဟာဗောဓိစေတီတော် အတွင်းရှိတဲ့ ဗုဒ္ဓရုပ်ပွားဆင်းတု တော်တွေထံ ဆက်ကပ်လှူဒါန်း သွားမှာ ဖြစ်ပါတယ်။ မသိုးသင်္ကန်း ပြိုင်ရက်ပွဲမှာ ရက်ကန်းစင် လေးစင် နဲ့   နှစ်စဉ်ကုသိုလ်ယူ   ပြိုင်ပွဲဝင် နေကျဖြစ်တဲ့      ကက္ကူကန်၊ ညောင်ပင်လျှိုစတဲ့  ကျေးရွာတွေ က   အမျိုးသမီးရက်ကန်းအဖွဲ့ လေးဖွဲ့က ပါဝင်ရက်လုပ်ယှဉ်ပြိုင် မှာ  ဖြစ်ပါတယ်”  ဟု  ဂေါပက အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြော သည်။


အဆိုပါ မသိုးသင်္ကန်းပြိုင်ရက် ပူဇော်ပွဲနှင့်အတူ မြို့နယ်အတွင်းရှိ ကျောင်းတိုက်များမှ ပင့်သံဃာ တော်များအား ဆွမ်းသပိတ်များ  ဆက်ကပ် လောင်းလှူပွဲကိုလည်း တန်ဆောင်မုန်းလပြည့်နေ့ (နိုဝင် ဘာ ၂၇ ရက်)နံနက်မှစ၍  စေတီ တော်   ပညာဓိကတန်ဆောင်း အတွင်း ကျင်းပမည်ဖြစ်ပြီး ဆွမ်း သပိတ်    လောင်းလှူလိုသူများ အနေဖြင့်   အဆိုပါစေတီတော် ဂေါပကအဖွဲ့ထံသို့   ဆက်သွယ် စာရင်းပေး    လှူဒါန်းနိုင်ကြောင်း  သိရသည်။  

                                                       
ချမ်းသာ (မိတ္ထီလာ)