မိတ္ထီလာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ကြက်တောင်ပြိုင်ပွဲနှင့် ဖူဆယ်ဘောလုံးပြိုင်ပွဲ ကျင်းပ

 

မိတ္ထီလာ   ဒီဇင်ဘာ   ၁၁


၂၀၂၁  ခုနှစ်     မိတ္ထီလာခရိုင်   စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ    ဖလား အသက် ၂၅ နှစ်အောက် အမျိုးသား အမျိုးသမီး ကြက်တောင်ပြိုင်ပွဲနှင့် အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲများနှင့် ဆုချီးမြှင့်ပွဲအခမ်း အနားကို  ယနေ့  နံနက်ပိုင်းက ခရိုင်အားကစားခန်းမ၌  ကျင်းပ သည်။

 


အဆိုပါပြိုင်ပွဲ        ဗိုလ်လုပွဲ ယှဉ်ပြိုင်ကစားမှုတို့ကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ    ခရိုင် အုပ်ချုပ်ရေးမှူး ဦးဇော်‌ဇော်ဦးနှင့် အဖွဲ့ဝင်များ၊       ခရိုင်အားကစား နှင့်  ကာယပညာဦးစီးဌာန လက် ထောက် ညွှန်ကြားရေးမှူး ဦးကျော် စိုးနိုင်၊     မြို့နယ်လေးမြို့နယ်မှ အုပ်ချုပ်ရေးမှူးများနှင့်  နည်းပြ တာဝန်ခံများ    ကြည့်ရှုအားပေး ကြရာ အမျိုးသားဖူဆယ်ဘောလုံး ဗိုလ်လုပွဲပြိုင်ပွဲတွင်     မိတ္ထီလာ မြို့နယ်က   ဝမ်းတွင်းမြို့နယ်ကို လေးဂိုး - သုံးဂိုးဖြင့်နိုင်ပြီး ဗိုလ်စွဲ သွားသည်။    ကြက်တောင်ပြိုင်ပွဲ (အမျိုးသား)တွင်  မိတ္ထီလာအသင်း က  ပထမနှင့်    မလှိုင်အသင်းက   ဒုတိယ၊ ကြက်တောင်ပြိုင်ပွဲ(အမျိုး သမီး) တွင်  မိတ္ထီလာအသင်းက  ပထမနှင့်    ဝမ်းတွင်းအသင်းက ဒုတိယဆု ရရှိကြသည်။

 


ပြိုင်ပွဲအပြီး ဆုများပေးအပ် ချီးမြှင့်ရာ ဒုတိယဆုရရှိကြသည့် ဝမ်းတွင်း အမျိုးသားဖူဆယ်အသင်း နှင့်    အမျိုးသမီးကြက်တောင် အသင်း၊  မလှိုင်အမျိုးသား  ကြက် တောင်အသင်းတို့မှ   အားကစား သမားများကို မြို့နယ်အုပ်ချုပ်ရေး မှူး ဦးဇော်အောင်လေးနှင့် တာဝန် ရှိသူများက     ဒုတိယဆုတံဆိပ် လည်ဆွဲများနှင့် ငွေသားဆုများ ပေးအပ်ချီးမြှင့်ကြပြီး ပထမဆုရ မိတ္ထီလာအမျိုးသားဖူဆယ်အသင်း  အမျိုးသား၊   အမျိုးသမီး  ကြက် တောင်အသင်းတို့မှ  အားကစား သမားများကို ခရိုင်ဒုတိယအုပ်ချုပ် ရေးမှူး ဦးလွှမ်းမိုးဟန်၊ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင်     ဦးကျော် ဇေယျနှင့် အတွင်းရေးမှူး ဒုတိယ ရဲမှူးကြီး သက်ထွန်းတို့က တစ်ဦး ချင်း ပထမဆုတံဆိပ်လည်ဆွဲများ ပေးအပ်ချီးမြှင့်ကြသည်။

 


‌ထို့နောက် အမျိုးသား ကြက် တောင်ပြိုင်ပွဲတွင်  အကောင်းဆုံး အားကစားသမားဆုရ    မိတ္ထီလာ အသင်းမှ ညီညီထွန်း၊ အမျိုးသမီး ကြက်တောင်ပြိုင်ပွဲတွင် အကောင်း ဆုံး  အားကစားသမားဆုရ  မိတ္ထီ လာအသင်းမှ အိအိဖြိုးနှင့် ဖူဆယ် ပြိုင်ပွဲတွင် အကောင်းဆုံးအားကစား သမားဆုရ    မိတ္ထီလာအသင်းမှ မျိုးသီဟန်တို့အား ခရိုင်အားကစား နှင့်          ကာယပညာဦးစီးဌာန လက်ထောက်  ညွှန်ကြားရေးမှူး  က ငွေသားဆုနှင့် အကောင်းဆုံး ဆုတို့ကို    ချီးမြှင့်ပြီးနောက်   ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ   ခရိုင် အုပ်ချုပ်ရေးမှူးက ကြက်တောင် ပြိုင်ပွဲတို့တွင် ပထမဆုရရှိကြသည့် မိတ္ထီလာ  အမျိုးသားအသင်းနှင့် မိတ္ထီလာအမျိုးသမီးအသင်း၊ အမျိုး သား       ဖူဆယ်ဘောလုံးပြိုင်ပွဲ၌ မိတ္ထီလာအသင်းတို့ကို ငွေသားဆု များနှင့် ပထမတံခွန်စိုက်ဆုဖလား များ      ချီးမြှင့်ပေးအပ်ကြောင်း သိရသည်။    

      
တင်မောင်-မန်း