မိတ္ထီလာခရိုင်အတွင်းရှိ ကျေးရွာ ၁၆ ရွာ၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်မည်

 

မိတ္ထီလာ  နိုဝင်ဘာ  ၅ 


မန္တလေးတိုင်းဒေသကြီး  မိတ္ထီလာ ခရိုင်၌ ၂၀၂၁-၂၀၂၂  ဘဏ္ဍာနှစ် ပထမခြောက်လတွင်  ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း     စီမံ ကိန်းဖြင့်    ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများကို       မိတ္ထီလာခရိုင် အတွင်းရှိ   ကျေးရွာ    ၁၆ ရွာ၌ အကောင်အထည်ဖော်     ဆောင် ရွက်မည်ဖြစ်ကြောင်း     ခရိုင် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနမှ သိရသည်။

 


မိတ္ထီလာခရိုင်     ကျေးလက် ဒေသ     ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနရုံး၏  ကြီးကြပ်မှုအောက်ရှိ မိတ္ထီလာ၊   မလှိုင်၊   ဝမ်းတွင်း၊ သာစည်မြို့နယ်များ၌   ၂၀၂၁- ၂၀၂၂  ဘဏ္ဍာနှစ် ပထမခြောက်လ တွင်    ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်း များ    ဆောင်ရွက်နိုင်ရေး ကျေးရွာ တစ်ရွာလျှင်     ကျေးရွာ  ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်း      စီမံကိန်း ရန်ပုံငွေကျပ်သိန်း ၁၀၀ ထောက်ပံ့ ပေးပြီး  ကျေးရွာ ၁၆    ရွာကို   ဆောင်ရွက်မည်ဖြစ်သည်။ 

 


ထိုသို့       ဆောင်ရွက်ရာတွင် ကျေးရွာ      ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း         ရန်ပုံငွေ ကျပ်သိန်း ၁၆၀၀ ဖြင့် မိတ္ထီလာ မြို့နယ်တွင်    ကျေးရွာ လေးရွာ၊ ဝမ်းတွင်းမြို့နယ်တွင် ကျေးရွာ လေးရွာ၊   မလှိုင်မြို့နယ်တွင် ကျေးရွာလေးရွာနှင့်      သာစည် မြို့နယ်တွင်    ကျေးရွာလေးရွာ တို့တွင်    အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ရာ  ခရိုင်၌ ကျေးရွာ   ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း    ရန်ပုံငွေဖြင့် ၂၀၁၇-၂၀၁၈     ဘဏ္ဍာနှစ်မှ ၂၀၂၀-၂၀၂၁    ဘဏ္ဍာနှစ်အထိ ကျေးရွာ ၂၁၃ ရွာကို  အကောင် အထည်ဖော်   ဆောင်ရွက်နိုင်ခဲ့ပြီး ဖြစ်ကြောင်း     ခရိုင်ကျေးလက် ဒေသ   ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနဦးစီးမှူး   ဒေါ်မြင့်ဝင်းထံမှ သိရသည်။

 


ယင်းသို့  ကျေးလက်ဒေသများ တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း    ဆောင်ရွက် ခြင်းဖြင့်      ကျေးလက်ဒေသများ     ဖွံ့ဖြိုးတိုးတက်လာစေပြီး  ကျေး လက်နေပြည်သူများ  ခေါင်းဆောင် မှု   တိုးတက်လာစေရန် ရည်ရွယ်၍    ကျေးရွာတစ်ရွာလျှင်    ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း     စီမံ ကိန်း  ရန်ပုံငွေကျပ်သိန်း   ၁၀၀ ထောက်ပံ့ပေးပြီး       ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေး    ဦးစီး ဌာနမှကြီးကြပ်ပြီး   ကျေးရွာသူ    ကျေးရွာသားများ   ဦးဆောင်၍ ကျေးရွာ၏   အခြေခံလိုအပ်ချက် ဖြစ်သော       ကျေးရွာတွင်းလမ်း   အဆင့်မြှင့်တင်ခြင်း   လုပ်ငန်း၊      ရေရရှိရေးလုပ်ငန်း၊    ကျေးရွာ      လျှပ်စစ်မီးရရှိရေး လုပ်ငန်းများကို အကောင်အထည်ဖော်  ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။ 


   သိန်းမြင့်ကျော်(မိတ္ထီလာ)