မြိတ်မြို့တွင် သက်တမ်းကုန်ဆုံး ဆေးဝါးအမျိုးအစား ၃၇ မျိုး မီးရှို့ဖျက်ဆီး

 

မြိတ်   ဒီဇင်ဘာ   ၂၅


တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ တွင် သက်တမ်းကုန်ဆုံး ဆေးဝါး များနှင့် ပျက်စီးနေသော ဆေးဝါး များအား      ဒီဇင်ဘာ  ၂၄  ရက် နေ့လယ်ပိုင်းက  ကလွင်ကျေးရွာ အရှေ့ကုန်းရပ်ကွက်     ကလွင် အမှိုက်ပုံအနီး၌  မြိတ်ခရိုင် အစား အသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီဝင်   ဌာန ဆိုင်ရာ တာဝန်ရှိသူများမှ  ဆေး ကုမ္ပဏီတာဝန်ရှိသူများနှင့်အတူ မီးရှို့ဖျက်ဆီးကြသည်။

 


“သက်တမ်း      ကုန်ဆုံးခဲ့တဲ့ ဆေးဝါးတွေနဲ့ ထားသိုမှုပုံစံလွဲမှား လို့ Aircon Temperature  မကိုက် ညီလို့  ဆေးတွေ  အရောင်ပြောင်း သွားတာတွေကို  သက်ဆိုင်ရာဌာန တွေနဲ့   ISO  လုပ်ထုံးလုပ်နည်းတွေ နဲ့အညီ    မီးရှို့ဖျက်ဆီးတာဖြစ် ပါတယ်။  ဆေးတွေက တရားဝင် ရောင်းချနေတဲ့    ဆေးတွေဖြစ် ပါတယ်။   ဒီဆေးတွေကို   ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနကို သတင်းပို့စစ်ဆေးပြီး   ဖျက်ဆီး ခြင်းဖြစ်ပါတယ်” ဟု AA Medical Prouduct   Co.Ltd  Myeik   ရုံးခွဲ မှ   မန်နေဂျာ    ဦးစိုးမိုးအောင်က ပြောသည်။

 


သက်တမ်းကုန်ဆုံး ဆေးဝါး များနှင့်  ပျက်စီးနေသော ဆေးဝါး များကို      မြိတ်ခရိုင်    အစား အသောက်နှင့်    ဆေးဝါးကြီးကြပ် ကွပ်ကဲရေးကော်မတီဝင်     ဌာန ဆိုင်ရာတာဝန်ရှိသူများက   AA Medical    Prouduct   Co.Ltd  Myeik ရုံးခွဲမှ မန်နေဂျာ ဦးစိုးမိုး အောင်နှင့် ဝန်ထမ်းများ၊ ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့်အတူ မြေကျင်းတူး၍ မီးရှို့ဖျက်ဆီးခဲ့ကြ သည်။ ဖျက်ဆီးခဲ့သည့် ဆေးဝါးများမှာ စုစုပေါင်း ၃၇ မျိုး ရှိပြီး ကာလတန်ဖိုး ၅၈ သိန်းကျော် ရှိကြောင်း ခရိုင်ပြည်သူ့ကျန်းမာ ရေးဦးစီးဌာနမှ သိရသည်။  

                                    
ခိုင်ထူး(မြိတ် ပြန်/ဆက်)