
နေပြည်တော် အောက်တိုဘာ ၉
တနင်္သာရီတိုင်းဒေသကြီး မြိတ် မြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့နှင့် ပဲခူးတိုင်းဒေသကြီး တောင်ငူ မြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့တို့ ၏ ၂၀၂၀-၂၀၂၁ ခုနှစ်၊ နှစ်ပတ် လည် အစည်းအဝေးများကို ယနေ့ တွင် မြိတ်မြို့ရှိ မြိတ်ခရိုင် ငါး လုပ်ငန်းအဖွဲ့ချုပ် အစည်းအဝေး ခန်းမနှင့် တောင်ငူမြို့ရှိ နယ်မြေခံ တပ်ရင်းခန်းမတို့၌ အသီးသီး ပြုလုပ်ကြရာ သက်ဆိုင်ရာ တိုင်း စစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့များမှ တာဝန် ရှိသူများ၊ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးများက အမှာ စကားပြောကြားပြီး စစ်မှုထမ်း ဟောင်း အဖွဲ့ဝင်များအတွက် စားသောက်ဖွယ်ရာများနှင့် ကိုဗစ်- ၁၉ ရောဂါကာကွယ်ရေး အထောက် အကူပြုပစ္စည်းများကိုပေးအပ်ရာ တာဝန်ရှိသူများက လက်ခံယူကြသည်။
ထို့နောက် တိုင်းမှူးများနှင့် တာဝန်ရှိသူများက စစ်မှုထမ်း ဟောင်း အဖွဲ့ဝင်များကို ရင်းရင်း နှီးနှီး လိုက်လံနှုတ်ဆက်ကာ ၂၀၂၀-၂၀၂၁ ခုနှစ် နှစ်ပတ်လည် အစည်းအဝေးကို အစီအစဉ် အတိုင်း ဆက်လက်ပြုလုပ်ခဲ့ကြ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်