မြိတ်မြို့နယ်အတွင်းရှိ တောင်သူများအား အော်ဂဲနစ်စနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်နိုင်ရေး ပညာပေးဆောင်ရွက်မည်

 

မြိတ်   မတ်   ၄


စားသုံးသူများ  ဘေးအန္တရာယ်ကင်းရှင်း စေရေးအတွက် တနင်္သာရီတိုင်းဒေသကြီး   မြိတ်မြို့နယ်အတွင်းရှိ     တောင်သူများ အား    အော်ဂဲနစ်စနစ်ဖြင့်    စိုက်ပျိုး ထုတ်လုပ်နိုင်ရေး   တောင်သူပညာပေးမှု များကို   မြိတ်မြို့နယ်   စိုက်ပျိုးရေး ဦးစီးဌာနက  ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

 


အော်ဂဲနစ်စနစ်ဖြင့်  စားသုံးသူများ အတွက် ဘေးကင်းလုံခြုံသည့် အစားအစာ များ   ထုတ်လုပ်နိုင်စေရန်နှင့်    ဒေသခံ တောင်သူများ GAP  လက်မှတ်ရရှိပြီး ဘေးအန္တရာယ်ကင်းရှင်းသည့်သီးနှံများ စိုက်ပျိုးထုတ်လုပ်နိုင်စေရန်   တောင်သူ ပညာပေးလုပ်ငန်းများကို     ဆောင်ရွက် မည်ဖြစ်ကြောင်း သိရသည်။

 


“ဒီလို           ဆောင်ရွက်တဲ့အခါမှာ အော်ဂဲနစ်         စိုက်ပျိုးရေးဆိုင်ရာ လျှောက်ထားခြင်း၊        စစ်ဆေးခြင်း၊ ထောက်ခံပေးခြင်း၊       အော်ဂဲနစ်စနစ် ကျင့်သုံးခြင်းများအတွက် တောင်သူများ အနေနဲ့ စားသုံးသူတွေ ဘေးကင်းလုံခြုံမှု ရှိဖို့ GAP စနစ်ဖြင့်   စိုက်ပျိုးထုတ်လုပ်ဖို့ လိုအပ်ပါတယ်။ အော်ဂဲနစ်စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်တဲ့ အခါမှာ    သုတေသနနဲ့    နည်းပညာ ဖွံ့ဖြိုးရေး၊ ခိုင်မာသည့်စျေးကွက်ဖြစ်ပေါ် လာရေး၊     အရည်အသွေး   ထိန်းချုပ်၍ ထောက်ခံချက်ပေးအပ်ရေး  စတဲ့အချက် တွေ    လိုအပ်ပါတယ်”ဟု   မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှူး  ဦးဝင်းမြတ်စိုး က ပြောသည်။

 


အော်ဂဲနစ်ထောက်ခံချက် လက်မှတ် ၏ အားသာချက်မှာ ဘေးကင်းလုံခြုံသည့် အစားအစာများ      ထုတ်လုပ်နိုင်ခြင်း၊ စျေးကွက်ထိုးဖောက်နိုင်ခြင်း၊ ကုန်သွယ်မှု ချောမွေ့စေခြင်း၊ E-commerce အတွက် သင့်လျော်ခြင်း၊  အော်ဂဲနစ်စစ်မှန်မှုကို အာမခံနိုင်ခြင်း၊ တောင်သူအစုအဖွဲ့များ ဖွံ့ဖြိုးလာခြင်း၊ သတင်းအချက်အလက် နည်းပညာနှင့် ဈေးကွက်သဘောတရား များအား ပိုမိုကျွမ်းဝင်လာခြင်း၊ တစ်ပိုင် တစ်နိုင်မှသည် စိုက်ပျိုးစီးပွား ဖွံ့ဖြိုးခြင်း၊ ထုတ်လုပ်မှုကွင်းဆက်    ပိုမိုချိတ်ဆက် ခိုင်မာလာခြင်း၊ စိုက်ပျိုးသူနှင့် ကုန်သွယ်မှု  အတူတကွ ဖွံ့ဖြိုးတိုးတက်ခြင်း၊ သက်ရှိ များနှင့်   သဘာဝပတ်ဝန်းကျင်    ရေရှည် တည်တံ့ခြင်းစသည့် အကျိုးကျေးဇူးများ ကို ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။

 


“အော်ဂဲနစ်   စိုက်ပျိုးထုတ်လုပ်သူတွေ လိုက်နာရမယ့်      လမ်းညွှန်ချက်တွေ ကတော့     အော်ဂဲနစ် စံချိန်စံညွှန်းတွေ၊ ဓာတုသွင်းအားစုတွေ       အသုံးပြုမှုမှ ရှောင်ကြဉ်တာ၊  စိုက်ခင်း၊  မြေဆီသြဇာနဲ့ ရေ၊ သီးနှံမျိုးရွေးချယ်တာ၊  ဂေဟစနစ် ကို      ကာကွယ်တာ၊   ပိုးမွှားရောဂါ၊ ပေါင်းပင်နဲ့ သီးနှံဖွံ့ဖြိုးမှုဆိုင်ရာ   စီမံမှု တွေ၊      သဘာဝပေါက်သီးနှံပင်တွေ၊ ခူးဆွတ်တာ၊ ကိုင်တွယ်တာ၊  သိုလှောင် တာ၊ သယ်ယူပို့ဆောင်တာ၊ ပြုပြင်မွမ်းမံ တာနဲ့    ထုပ်ပိုးတာ၊     အော်ဂဲနစ် ထုတ်ကုန်တွေကို အမှတ်တံဆိပ်ကပ်တာ စတဲ့အချက်တွေကို     ဒေသခံ         စိုက်ပျိုး ထုတ်လုပ်သူတောင်သူတွေ      လိုက်နာ ဆောင်ရွက်ဖို့        လိုအပ်ပါတယ်” ဟု  ဦးစီးမှူးက ဆက်ပြောသည်။

 


မြိတ်မြို့နယ်၌      မိုးစပါးစိုက်ဧက ၄၂၀၀၀ ခန့်နှင့်  စားဖိုဆောင်သီးနှံစိုက်ဧက ၇၀၀ ခန့်ကို နှစ်စဉ်စိုက်ပျိုးထုတ်လုပ် လျက်ရှိပြီး   ယခုလာမည့်နှစ်တွင် တောင်သူများအား           စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်းစေရေးအတွက် အော်ဂဲနစ်စနစ်ဖြင့်     စိုက်ပျိုးထုတ်လုပ် နိုင်ရေး            ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

မြင့်ဦး(မြိတ်)