မြိတ်မြို့နယ် မဇောကျေးရွာအုပ်စုရှိ ကျေးရွာ ၁၄ ရွာ ၂၄ နာရီ လျှပ်စစ်ဓာတ်အားရရှိ ဒေသခံပြည်သူများအတွက် အိမ်သုံးမီတာ ၁၁၁၈ လုံးကို တပ်ဆင်ပေးနိုင်ခဲ့ပြီးဖြစ်

 

မြိတ်     ဒီဇင်ဘာ    ၁၉

 


တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏   ဘဏ္ဍာရန်ပုံငွေများဖြင့် ကျေးရွာများ လျှပ်စစ်ဓာတ်အား ရရှိရေးအတွက်    ၁၁  ကေဗွီ ဓာတ်အားလိုင်း၊ ၄၀၀ ဗို့ ဓာတ်အား လိုင်းနှင့်   ထရန်စဖော်မာများ တည်ဆောက်ပြီးစီးခဲ့သည့် မြိတ် မြို့နယ်   မဇောကျေးရွာအုပ်စုရှိ ကျေးရွာ ၁၄ ရွာတွင် ၂၄  နာရီ လျှပ်စစ်ဓာတ်အား  ရရှိပြီဖြစ်၍ ကျေးရွာပြည်သူများ    မြို့ပြနှင့် တန်းတူ  လျှပ်စစ်မီးအသုံးပြုနိုင်ပြီ ဖြစ်ကြောင်း   လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ သိရသည်။

 


မဇောကျေးရွာအုပ်စုအတွင်း ရှိ ကျေးရွာ ၁၄ ရွာရှိ ပြည်သူများ   ၂၄ နာရီ လျှပ်စစ်မီးသုံးစွဲနိုင်ရေး အတွက်  တိုင်းဒေသကြီးအစိုးရ အဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် ၂၀၁၈ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ ၁၁ ကေဗွီ ဓာတ်အားလိုင်း ၁၀ ဒသမ ၈ မိုင်၊   ၄၀၀ ဗို့  ဓာတ်အားလိုင်း ၁၀ ဒသမ ၃မိုင်နှင့် ထရန်စဖော်မာ   ၁၂ လုံး ကို    မြို့နယ်လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ      တည် ဆောက်   တပ်ဆင်ပြီးစီးပြီဖြစ် ကာ ကျေးရွာပြည်သူများအတွက် အိမ်သုံးမီတာ   ၁၁၁၈   လုံးကို     တပ်ဆင်ဆောင်ရွက်ပေးခဲ့သဖြင့်   ကျေးရွာပြည်သူများ  ၂၄ နာရီ  လျှပ်စစ်မီးသုံးစွဲနိုင်ပြီ ဖြစ်ကြောင်း သိရသည်။  

 


အဆိုပါ  လျှပ်စစ်မီးလင်းရေး ဖွင့်ပွဲအခမ်းအနားကို   ဒီဇင်ဘာ ၁၉ ရက် နံနက်ပိုင်းက  မဇောမရင်း ကျေးရွာ စာသင်ကျောင်း၌ ကျင်းပ ရာ  တိုင်းဒေသကြီး  သယံဇာတ နှင့်  ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး ဦးခင်မောင်မြင့်က  အမှာ စကားပြောကြားပြီး   တိုင်းရင်း သားရေးရာဝန်ကြီး   ဦးစောမာ တင်လူသာက       အမှာစကား ပြောကြားသည်။ ထို့နောက် မြိတ် မြို့နယ်    လျှပ်စစ်အင်ဂျင်နီယာ ဦးမျိုးနိုင်ဝင်းက  မဇောကျေးရွာ အုပ်စုအတွင်းရှိ      ကျေးရွာများ မီးလင်းရေး   ဆောင်ရွက်ခဲ့မှုများ အား ရှင်းလင်းတင်ပြပြီး ကျေးရွာ ပြည်သူလူထုကိုယ်စား   ဦးစော ထွန်းဂယ်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

 

 
ယင်းနောက်   ကျေးရွာများ လျှပ်စစ်မီးလင်းရေးဖွင့်ပွဲကို မဇော မရင်းကျေးရွာရှိ ထရန်စဖော်မာ ရှေ့တွင်   တိုင်းဒေသကြီး သယံ ဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်း ရေးဝန်ကြီး၊ တိုင်းရင်းသားရေးရာ    ဝန်ကြီး၊  တိုင်းဒေသကြီး   လျှပ်စစ် အင်ဂျင်နီယာ ဦးဝင်းဗိုလ်၊    မြိတ် ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်ဇော်နှင့်       မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော် စွာမင်းတို့က        ဖဲကြိုးဖြတ်၍        ဖွင့်လှစ်ခဲ့ကြကြောင်း သိရသည်။    

 


ခိုင်ထူး (မြိတ် ပြန်/ဆက်)