မြိတ်မြို့နှင့် တာချီလိတ်မြို့နယ်တို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

 

နေပြည်တော်   ဇွန်   ၅


မူးယစ်ဆေးဝါး   တားဆီးနှိမ်နင်း ရေးရဲတပ်ဖွဲ့မှ     တပ်ဖွဲ့ဝင်များ ပါဝင်သော  ပူးပေါင်းအဖွဲ့သည် ဇွန် ၄ ရက် မွန်းလွဲ ၂  နာရီခွဲတွင် မြိတ်မြို့       ကန်ကြီးရပ်ကွက် ကမ်းနားလမ်းတွင် ရန်နိုင်စိုး(ခ)ခေါင်းပြား  မောင်းနှင်လာသည့် ဆိုင်ကယ်ကို    ရပ်တန့်စစ်ဆေး ရှာဖွေရာ  ဆိုင်ကယ်တူးဘောက် အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား   ၁၆၀၀၀  ကို   လည်းကောင်း၊ အလားတူ   ဇွန် ၃ ရက် ည ၇ နာရီ ၄၅ မိနစ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင် များပါဝင်သော ပူးပေါင်းအဖွဲ့သည်   တာချီလိတ်မြို့နယ် လွယ်တော် ခမ်းကျေးရွာအုပ်စု   လွယ်တော် ခမ်း ကျေးရွာအနီး  တာချီလိတ်-မိုင်းဆတ်သွား  ကားလမ်းတွင်    လင်းလင်းအောင် မောင်းနှင်လာ သည့် Dump Truck အမျိုးအစား ခြောက်ဘီးယာဉ်ကို     ရပ်တန့် စစ်ဆေးရှာဖွေရာ ကဖင်း  ကီလို ၃၆၀၀ ကို လည်းကောင်း    သိမ်း ဆည်းရမိခဲ့သဖြင့်   ၎င်းတို့အား   မူးယစ်ဆေးဝါးနှင့်      စိတ်ကို ပြောင်းလဲစေသော   ဆေးဝါးများ ဆိုင်ရာ ဥပဒေအရ အရေးယူထား ကြောင်း သိရသည်။


ရဲပြန်ကြား