မြိတ်မြို့၌ မုတ်ကောင်သားဖောက် မွေးမြူခြင်းနှင့် မုတ်ကောင်သားပေါက်များကို ရေချမွေးမြူထိန်းသိမ်းခြင်း အလုပ်ရုံဆွေးနွေး

 

မြိတ်   စက်တင်ဘာ  ၃


တနင်္သာရီတိုင်းဒေသကြီး    မြိတ်မြို့၌ ပုလဲမွေးမြူခြင်းဆိုင်ရာ   ပညာရပ်များ ဖွံ့ဖြိုးတိုးတက်စေရန်၊  အရည်အသွေး ကောင်းမွန်သည့် ရွှေရောင်၊ ငွေရောင်ပုလဲ များ ပိုမိုတိုးတက် ထုတ်လုပ်နိုင်ရန်အတွက် မုတ်ကောင်သားဖောက် မွေးမြူခြင်းနှင့် မုတ်ကောင်သားပေါက် (Collector) များ ရေချမွေးမြူထိန်းသိမ်းခြင်းဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကို ဩဂုတ် ၃၁ ရက်က  Grand Jade   ဟိုတယ်   အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။  

 


အလုပ်ရုံဆွေးနွေးပွဲကို အရည်အသွေး ကောင်းမွန်သည့်  ရွှေရောင်၊  ငွေရောင် ပုလဲများ  ပိုမိုတိုးတက်ထုတ်လုပ်နိုင်ရေး၊ နိုင်ငံတော် ဝင်ငွေရရှိရေး၊    တနင်္သာရီ တိုင်းဒေသကြီး     ဖွံ့ဖြိုးတိုးတက်ရေး၊ ပညာရပ်ပိုင်းဆိုင်ရာများ တိုးတက်ရေးနှင့် မိခင်မုတ်ကောင်မှ သားပေါက်မုတ်ကောင် များ ရှင်ကျန်နှုန်း ပိုမိုကောင်းမွန်စေရေး၊ ဝတ်ဆံသွင်းခြင်း၊ ရေချမွေးမြူခြင်း  ပိုမို တိုးတက်လာစေရေး၊   အရည်အသွေး ကောင်းမွန်သည့် ပုလဲများ ထုတ်လုပ်နိုင် ရေးနှင့် ပုလဲကဏ္ဍ ယခုထက် ပိုမိုတိုးတက် မြင့်မားစေရေး   ရည်ရွယ်ချက်များဖြင့် ကျင်းပခြင်းဖြစ်ပြီး  မြန်မာ့ပုလဲထုတ်လုပ် ရေးနှင့် ရောင်းဝယ်ရေးလုပ်ငန်းနှင့် ပုလဲ မွေးမြူထုတ်လုပ်ရေး    ဆောင်ရွက်လျက် ရှိသော ကုမ္ပဏီများမှ ပညာရပ်ပိုင်းဆိုင်ရာ ကျွမ်းကျင်သူများ တက်ရောက်ဆွေးနွေး ကြသည်။

 


ဆွေးနွေးပွဲတွင် တိုင်းဒေသကြီး သယံ ဇာတရေးရာဝန်ကြီး ဦးခင်မောင်မြင့်က မုတ်ကောင်သားဖောက်  ပုလဲမွေးမြူရေး လုပ်ငန်းသည် ထုတ်သုံး၍မကုန်ခန်းနိုင် သည့် ပြန်လည်ပြည့်ဖြိုးမြဲ   သယံဇာတ ဖြစ်သည့်အပြင်   ရေရှည်အကျိုးရှိသည့် စီးပွားရေးလုပ်ငန်း   ဖြစ်သောကြောင့် နိုင်ငံတော်နှင့်ဒေသတွင်း  ရေရှည်ဖွံ့ဖြိုးတိုးတက်စေရေးအတွက်   ပြည်တွင်း/ ပြည်ပကုမ္ပဏီများအနေဖြင့် အရည်အသွေး ကောင်းမွန်သည့် ရွှေရောင်၊ ငွေရောင်ပုလဲ များ ပိုမိုတိုးတက်ထုတ်လုပ်နိုင်ရေး ဝိုင်းဝန်း ကြိုးပမ်းကြရန်  ပြောကြားသည်။

 


ထို့နောက် မြန်မာ့ပုလဲထုတ်လုပ်ရေး နှင့် ရောင်းဝယ်ရေးလုပ်ငန်း    ဦးဆောင် ညွှန်ကြားရေးမှူး ဦးဌေးအောင်က အမှာ စကားပြောကြားပြီး  မုတ်ကောင်မွေးမြူ သည့် ပညာရှင်များက မျိုးကောင်းမျိုးသန့် မိခင်မုတ်ကောင်များ ရွေးချယ်စုဆောင်း ခြင်း၊ မုတ်ကောင်သားဖောက်မွေးမြူခြင်း၊  မုတ်ကောင်သားပေါက် အစာမွေးမြူခြင်း (Phytoplankton Culture)၊  မုတ်ကောင် သားပေါက် (Collector) များ ရေချမွေးမြူ ထိန်းသိမ်းခြင်း၊ တည်ငြိမ်သောအရည် အသွေးမြင့်ပုလဲများကို ရေရှည်တည်တံ့ခိုင်မြဲစွာထုတ်လုပ်ခြင်း စသည့်ခေါင်းစဉ် များဖြင့် ဆွေးနွေးကြသည်။

 


ပညာရှင်များ၏ ဆွေးနွေးတင်ပြချက် များအပေါ် မုတ်ကောင်သားဖောက်မွေးမြူ ခြင်းအဖွဲ့နှင့် မုတ်ကောင်သားပေါက် ရေချ မွေးမြူထိန်းသိမ်းခြင်းအဖွဲ့ဟု နှစ်ဖွဲ့ခွဲ၍ အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး အဖွဲ့လိုက် ဆွေးနွေးချက်များကို  ပြန်လည်ရှင်းလင်း တင်ပြ၍     ဆွေးနွေးချက်ရလဒ်များ အတည်ပြုမှတ်တမ်းတင်ခြင်း၊  ရှေ့လုပ်ငန်း စဉ်များ ချမှတ်ခြင်းတို့ကိုလည်း ဆောင် ရွက်ခဲ့သည်။ ထို့နောက်    မြန်မာ့ပုလဲ ထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးက ပုလဲမွေးမြူ ခြင်းဆိုင်ရာ ပညာရပ်များဖွံ့ဖြိုးတိုးတက် စေရန်အတွက်  ဆွေးနွေးပွဲရလဒ်   ရှေ့ လုပ်ငန်းစဉ်များကို အတည်ပြု၍ နိဂုံးချုပ် အမှာစကားပြောကြားခဲ့သည်။


ခိုင်ထူး (ပြန်/ဆက်)