
နေပြည်တော် အောက်တိုဘာ ၁၃
တိုင်းဒေသကြီးနှင့် ပြည်နယ်များ အတွင်းရှိ မြို့နယ်များမှသံဃာတော် များ၊ သာသနာ့နွယ်ဝင် သီလရှင် များ၊ ဒေသခံပြည်သူများအား သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ် အသီးသီးမှ နယ်မြေခံဆေးကုသ ရေးအဖွဲ့များက လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေး လျက်ရှိသည်။
ယနေ့တွင် ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ် နယ်မြေခံ ဆေးကုသရေးအဖွဲ့က တနင်္သာရီ တိုင်းဒေသကြီး မြိတ်မြို့ ကော့လိပ် ကုက္ကိုပရိယတ္တိ စာသင်တိုက်မှ သံဃာတော်အပါး ၈၀တို့ကိုလည်း ကောင်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် နယ်မြေခံဆေးကုသရေးအဖွဲ့များ က ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ် ဖက်ဝန်းကုန်း ကျေးရွာ၊ ကျောက်တန်းမြို့နယ် အလယ်ပိုင်းရပ်ကွက်နှင့် ပတ်ဝန်း ကျင်ရပ်ကွက်၊ ကျေးရွာများမှ သံဃာတော်များ၊ ကျောင်းသား ကျောင်းသူများနှင့် ဒေသခံပြည်သူ စုစုပေါင်း ၄၀၆ ဦးတို့ကို လည်း ကောင်း၊ အနောက်ပိုင်းတိုင်းစစ် ဌာနချုပ် နယ်မြေခံဆေးကုသရေး အဖွဲ့က ရခိုင်ပြည်နယ် ကျောက် ဖြူခရိုင် စနဲမြို့ပေါ်ရပ်ကွက်များ နှင့် ပတ်ဝန်းကျင်ကျေးရွာများမှ သံဃာတော်များ၊ သာသနာ့ နွယ်ဝင်သီလရှင်များနှင့် ဒေသခံ ပြည်သူ စုစုပေါင်း ၂၈၈ ဦးတို့ကို လည်းကောင်း သတ်မှတ်နေရာ အသီးသီး၌ လိုအပ်သည့်ကျန်းမာ ရေး စစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် အရိုးအကြောရောဂါ၊ မျက်စိ ရောဂါ၊ သွားနှင့် ခံတွင်းရောဂါ၊ ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ၊ အရေပြားရောဂါ၊ သားဖွားမီးယပ် ရောဂါ၊ ကလေးရောဂါ၊ နှလုံး ရောဂါ၊ သွေးတိုးရောဂါ၊ အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါ၊ ဆီးချိုရောဂါ၊ အထွေထွေရောဂါတို့ နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေးစစ်ဆေး ကုသပေး ခြင်းများ ဆောင်ရွက်ပေးပြီး ECG၊ Ultrasound စက်တို့ဖြင့် ရောဂါ ရှာဖွေစမ်းသပ်ခြင်းများ ဆောင် ရွက်ပေးကာ ဆေးရုံတက်ရောက် ကုသရန် လိုအပ်သူများကို နယ်မြေခံတပ်မတော် ဆေးရုံများ သို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။
ယင်းသို့ ဆောင်ရွက်ပေးနေမှု များကို သက်ဆိုင်ရာ တိုင်းစစ် ဌာနချုပ်များမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက် ကြည့်ရှုအားပေးပြီး လိုအပ်သည် များ ညှိနှိုင်းဆောင်ရွက်ပေးကာ သံဃာတော်များအား လှူဖွယ် ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိ သည်။
သတင်းစဉ်