မြိတ်မြို့ သီတဂူစက္ခုဒါနဆေးရုံ အခမဲ့ဆေးကုသခန်း၌ မျက်စိရောဂါများကိုပါ ကုသပေးမည်

 

မြိတ်    ဖေဖော်ဝါရီ    ၂၂


တနင်္သာရီတိုင်းဒေသကြီး   မြိတ်မြို့   ကန်ဖျား နယ်မြေ တပ်ပြင်ရပ် စပါးရွှေဝါလမ်းရှိ သီတဂူ ဇီဝိတစက္ခုဒါနဆေးရုံ    ဆေးကုသခန်း၌  မြိတ် ခရိုင်အတွင်းရှိ သံဃာတော်နှင့် သီလရှင်များ အား   ကျန်းမာရေး   အခမဲ့   စမ်းသပ်စစ်ဆေး ကုသပေးနေသည့်အပြင် ဖေဖော်ဝါရီ ၂၃ ရက် မှစတင်ကာ သံဃာတော်နှင့် သီလရှင်များ၏ မျက်စိရောဂါဝေဒနာများကိုပါ အခမဲ့ စမ်းသပ် စစ်ဆေး ကုသပေးမည်ဖြစ်ကြောင်း သိရသည်။

သီတဂူဇီဝိတ စက္ခုဒါနဆေးရုံ ဆေးကုသ ခန်းတွင် အပတ်စဉ် တနင်္လာနေ့မှ သောကြာ နေ့အထိ  သံဃာတော်နှင့်   သီလရှင်များအား ဆရာဝန်ကြီးများဖြင့်   အခမဲ့ ကျန်းမာရေး စစ်ဆေးကုသပေးခြင်းကို  ၂၀၂၃   ဇွန်လမှ စတင်၍    ပုံမှန်ဆောင်ရွက်ပေးလျက်ရှိရာ လက်ရှိအချိန်အထိ သံဃာတော် ၁၃၂ ပါး၊ သာမဏေ ၁၇၉ ပါး၊  သီလရှင်  ၂၃  ပါးနှင့် ကျောင်းသား ၂၄    ဦးတို့အား   ကျန်းမာရေး စောင့်ရှောက်ပေးနိုင်ခဲ့သည်။ 


ထိုသို့    ကျန်းမာရေးစစ်ဆေးကုသပေး သည့်အပြင် ဖေဖော်ဝါရီ ၂၃ ရက်မှစတင်ကာ သံဃာတော်နှင့်  သီလရှင်များ၏   မျက်စိ ရောဂါဝေဒနာများကိုပါ မျက်စိရောဂါ စမ်းသပ် စက်များဖြင့် အပတ်စဉ် တနင်္လာ၊ ဗုဒ္ဓဟူးနှင့် သောကြာနေ့များတွင် နံနက် ၉ နာရီမှ ၁၁ နာရီ အထိ  အခမဲ့စမ်းသပ်စစ်ဆေး  ကုသပေးမည် ဖြစ်သည်။  


 မြိတ်ခရိုင်အတွင်းရှိ        သံဃာတော်နှင့် သီလရှင်များအား အခမဲ့ဆေးကုသပေးခြင်းကို မြိတ်မြို့ သီတဂူ ဇီဝိတ စက္ခုဒါနဆေးရုံ ဩဝါဒါ စရိယဆရာတော်များ၏ လမ်းညွှန်မှု၊ ဆေးရုံ စီမံစောင့်ရှောက်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် အထူးကုဆရာဝန်ကြီးများက ဆောင်ရွက်ပေး လျက်ရှိကာ ယခုအခါ  မျက်စိရောဂါ ဝေဒနာ များကိုပါ အခမဲ့  စမ်းသပ်ကုသပေးမည်ဖြစ် သည့်အပြင်   ပြည်သူများ၏   မျက်စိရောဂါ ဝေဒနာများကိုလည်း စရိတ်မျှပေး အစီအစဉ် ဖြင့်        စမ်းသပ်ကုသပေးမည်ဖြစ်ကြောင်း သိရသည်။                

ခိုင်ထူး (ပြန်/ဆက်)