မြိတ်ခရိုင်အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ တပ်မတော်လေယာဉ်ဖြင့် မြိတ်လေဆိပ်သို့ ထပ်မံရောက်ရှိ

 

မြိတ်   နိုဝင်ဘာ   ၇


တနင်္သာရီတိုင်းဒေသကြီး    မြိတ်ခရိုင်တွင်     ကိုဗစ် ရောဂါ ကာကွယ်ဆေးကို ဦးစားပေးအစီအစဉ်အလိုက် ထိုးနှံပေးလျက်ရှိရာ  ယနေ့ မွန်းလွဲပိုင်းတွင်  မြိတ် လေဆိပ်သို့ တပ်မတော်လေယာဉ်ဖြင့် မြိတ်ခရိုင်ရှိ ပြည်သူများအား   ဆက်လက်ထိုးနှံပေးမည့်   ကိုဗစ် ကာကွယ်ဆေး၊  ကျောင်းသားကျောင်းသူများအတွက်   ကိုဗစ်ကာကွယ်ဆေးနှင့်   ဆေးထိုးအပ်များ   ထပ်မံ ရောက်ရှိလာခဲ့သည်။

 


ထပ်မံရောက်ရှိလာသည့် ကိုဗစ်ကာကွယ်ဆေး များကို တာဝန်ရှိသူများက မြိတ်လေဆိပ်အတွင်း လွှဲပြောင်းပေးအပ်ခဲ့ရာ ဒုတိယခရိုင်ပြည်သူ့ကျန်းမာ ရေးဦးစီးဌာနမှူး ဒေါက်တာရင်ရင်နွဲ့က လက်ခံယူ  ပြီး ခရိုင်အတွင်းရှိ မြို့နယ်များသို့ ဆက်လက်ဖြန့်ဖြူး  ပေးအပ်သည်။        ကိုဗစ်ကာကွယ်ဆေးများတွင်  ပြည်သူများအား ဆက်လက်ထိုးနှံပေးမည့် ကာကွယ် ဆေး ၈၂၅၂၅၊ ကျောင်းသားကျောင်းသူများအတွက်    ကာကွယ်ဆေး ၁၄၆၀၀  နှင့် ဆေးထိုးအပ် ၁၇၀၀၀ ရောက်ရှိလာခဲ့ပြီး မြို့နယ်များတွင်  ဦးစားပေးအစီ အစဉ်အလိုက်  ဆက်လက်ထိုးနှံပေးမည်ဖြစ်ကြောင်း သိရသည်။

 


မြိတ်ခရိုင်တွင်       ကိုဗစ်    ကာကွယ်ဆေးကို ကာကွယ်ဆေးနှစ်ကြိမ်    ထိုးနှံပြီးသည့်     ပြည်သူ စုစုပေါင်း ၈၀၂၆၆ ဦးရှိပြီး  ကာကွယ်ဆေးတစ်ကြိမ် ထိုးနှံပြီးသည့် ပြည်သူစုစုပေါင်း ၄၂၉၉၇ ဦးရှိပြီဖြစ် ကာ     ကိုဗစ်ကာကွယ်ဆေးကို     ကျောင်းသား ကျောင်းသူ ၁၆၃၈၅ ဦးအား ပထအအကြိမ် ထိုးနှံ ပေးခဲ့ပြီးဖြစ်၍ ယခုရောက်ရှိလာသည့် ကာကွယ်ဆေး များကိုလည်း      ဦးစားပေး   အစီအစဉ်အလိုက် ဆက်လက်ထိုးနှံပေးမည်ဖြစ်ကြောင်း      ပြည်သူ့ ကျန်းမာရေးဦးစီးဌာနက သိရသည်။  


 ခိုင်ထူး (ပြန်/ဆက်)