မြိတ်ဒေသ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန် တိုင်းဒေသကြီးအစိုးရက စပါးရိတ်သိမ်း‌‌ခြွေလှေ့စက်နှင့် ထွန်စက်ကြီးများ မတည်ပေးမည်

 

မြိတ်   သြဂုတ်    ၂၀


တနင်္သာရီတိုင်းဒေသကြီး    မြိတ်ခရိုင် အတွင်း လာမည့်   စပါးရိတ်သိမ်းရာသီနှင့် စိုက်ပျိုးရာသီတွင်    လယ်ယာကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက်     တနင်္သာရီတိုင်း ဒေသ ကြီးအစိုးရအဖွဲ့က     စပါးရိတ်သိမ်း ခြွေလှေ့စက်များနှင့် ထွန်စက်ကြီးများကို မတည်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း တိုင်းဒေသကြီးဝန်ကြီးချုပ်  ဦးမြတ်ကိုက ပြောကြားသည်။

 


မြိတ်မြို့နယ် စန္ဒဝတ်ကျေးရွာအုပ်စု ကျွဲကူးကျေးရွာရှိ     စိုက်ပျိုးပညာပေး စင်တာ၌ သြဂုတ် ၁၉  ရက်က  မိုးစပါး နှင့်နွေစပါးစိုက်တောင်သူများအား   ယူရီး ယားဓာတ်မြေသြဇာများ  ဈေးနှုန်းချိုသာ စွာဖြင့်    ဖြန့်ဖြူးခြင်းနှင့်      အဆင့်မြင့် လယ်ယာမြေဖော်ထုတ်မည့်   တောင်သူ များအား စိုက်ပျိုးစရိတ်ထောက်ပံ့ပေးအပ် ပွဲတွင် ပြောကြားခြင်းဖြစ်သည်။

 


“ယခုနှစ်     စပါးရိတ်သိမ်းရာသီမှာ တောင်သူတွေလိုအပ်နေတဲ့ စပါးရိတ်သိမ်း ခြွေလှေ့စက်ကြီးတွေ     မတည်ပေးပြီး လာမယ့် စပါးစိုက်ပျိုးရာသီမှာ    လယ်ယာ မြေပြုပြင်တာနဲ့   လယ်ယာထွန်ယက်ရာ မှာ အသုံးပြုဖို့       ထွန်စက်ကြီးတွေကို တိုင်းဒေသကြီးအစိုးရအဖွဲ့က   မတည်ပြီး ဝယ်ယူဆောင်ရွက်ပေးပါမယ်။ ဒါ့အပြင် လယ်ယာမြေအတွင်း     ရေကြီးရေလျှံမှု မဖြစ်ပေါ်စေရေးအတွက်လည်း   ချောင်း ကော၊    မြောင်းကောတွေကို    ပြုပြင် ဆောင်ရွက်ပေးပါမယ်။    တောင်သူတွေရဲ့ မိုးစပါး၊ နွေစပါးစိုက်ပျိုးရာသီမှာ စိုက်ပျိုး စရိတ်၊ မျိုးစပါးများကို   ထောက်ပံ့ပေးနေ သလို      တောင်သူတွေအနေနဲ့    ဒေသ အတွင်း   ဝမ်းစာဖူလုံမှုရှိစေဖို့၊   စပါး အထွက်တိုးစေဖို့၊  စပါးမျိုးကောင်းမျိုးသန့် တွေ ရွေးချယ်စိုက်ကြစေလိုပါတယ်’’    ဟု တိုင်းဒေသကြီးဝန်ကြီးချုပ်က ပြောကြား သည်။

 


ဒေသဝမ်းစာဖူလုံမှု ရာနှုန်းပြည့်    ရရှိ စေရန်အတွက် စပါးတစ်ဧက အထွက်နှုန်း တိုးတက်မြင့်မားရန်       လိုအပ်နေသည့် အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် တိုင်းဒေသကြီး၏  စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရန်   တိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေများ   ချမှတ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 


“ဒီနေ့ မြိတ်မြို့နယ်အတွင်း  မိုးစပါးနဲ့ နွေစပါးစိုက်တောင်သူတွေကို ယူရီးယား ဓာတ်မြေသြဇာတွေ  ဈေးနှုန်းချိုသာစွာနဲ့ ဖြန့်ဖြူး       ရောင်းချပေးတဲ့အပြင် အဆင့်မြင့်လယ်ယာမြေ ၂၀၂ ဒသမ ၂၇ ဧက   ဖော်ထုတ်မယ့်တောင်သူ    ၄၉ ဦး ကိုလည်း ယူရီးယားဓာတ်မြေသြဇာတွေဈေးနှုန်းချိုသာစွာနဲ့    ဖြန့်ဖြူးရောင်းချ ပေးခြင်း၊       မျိုးစေ့ဖိုးတစ်ဧကလျှင် ငွေကျပ် ၁၀၀၀၀ နှုန်း၊  တမန်းနှိုးအပင်ပြုစု ထိန်းသိမ်းခ   တစ်ဧကလျှင်    ငွေကျပ် ၁၀၀၀၀ ၊ စုစုပေါင်းစိုက်ပျိုးစရိတ် ငွေကျပ် ၂၀၀၀၀ ခန့်     ထောက်ပံ့ခြင်း ဆောင်ရွက် မှာ   ဖြစ်ပါတယ်။ စိုက်ပျိုးရေးကဏ္ဍမှ  တောင်သူတွေအနေနဲ့           လုပ်ငန်း ဆောင်ရွက်မှုအခြေအနေ   အရပ်ရပ်ကို  မြေပြင်မှာ    မျက်မြင်လေ့လာတွေ့ရှိပြီး      လိုက်နာဆောင်ရွက်ခြင်းကြောင့်   မိမိတို့ တစ်ဦးချင်း       စိုက်ဧရိယာမှ အထွက်နှုန်း တိုးမြင့်လာမှာ   ဖြစ်သလို     ဒေသအတွင်း    စပါးအထွက် တိုးတက်လာပြီး      ဒေသ ဝမ်းစာဖူလုံမှုကို အထောက်အကူပြုစေမှာ    ဖြစ်ပါတယ်’’ ဟုလည်း    တိုင်းဒေသကြီး ဝန်ကြီးချုပ်က     ဆက်လက်ပြောကြား သည်။

 


တနင်္သာရီတိုင်း     ဒေသကြီးအတွင်း ဒေသဝမ်းစာဖူလုံမှုမှာ    ၇၀ ဒသမ ၀၇ ရာခိုင်နှုန်းသာရှိပြီး စပါးတစ်ဧက ပျမ်းမျှ အထွက်နှုန်းမှာ ၇၀ ဒသမ ၂၉ တင်း   ရှိ ကြောင်း    စိုက်ပျိုးရေးဦးစီးဌာနမှ   သိရ သည်။  တောင်သူများအနေဖြင့်    စပါး စိုက်ပျိုးရာတွင်    လက်ရှိ  တစ်ရာသီ တစ်သီး စိုက်ပျိုးနေမှုမှ  ရေရရှိနိုင်မှုအပေါ် မူတည်ပြီး နှစ်သီးစိုက်ဧရိယာ၊  သုံးသီး စိုက်ဧရိယာများ   ရရှိအောင်   ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ခြင်းဖြင့်    တောင်သူ များ ဝင်ငွေတိုးပွားပြီး ဒေသစီးပွား   ဖွံ့ဖြိုး တိုးတက်ကာ   အလုပ်အကိုင်     အခွင့် အလမ်းများစွာ  ရရှိလာမည်ဖြစ်သည်။


မြင့်ဦး(မြိတ်)