မြိတ်၊ မဟာအောင်မြေ၊ မုဒုံနှင့် တန့်ယန်းမြို့နယ်တို့၌ မူးယစ်ဆေးဝါးများ ဖမ်းမိ

 

နေပြည်တော်   ဒီဇင်ဘာ   ၁၁ 


မူးယစ်ဆေးဝါး  တားဆီးနှိမ်နင်း ရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင် သောပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၁၀ ရက်  နံနက် ၁၀ နာရီခွဲတွင် မြိတ်မြို့    ကန်ခေါင်းရပ်ကွက် ကန်ခေါင်းဈေးလမ်း (သန္တာလမ်း) တွင် ကျော်မင်းဦး(ခ)ယူစွဖ်(ခ)ရီဆွတ်      မောင်းနှင်လာသည့် ဆိုင်ကယ်ကို   ရပ်တန့်စစ်ဆေး ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၅၀၀၀၀     သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ မွန်းလွဲ ၁ နာရီ ၁၅ မိနစ်တွင် မြိတ်မြို့ အလယ်ကျွန်း ရပ်ကွက်  ခွာညိုလမ်းနေ  မအေး အေးသန်း(ခ)   လာဟီမာဘီ ကို ၎င်း၏နေအိမ်၌  စိတ်ကြွရူးသွပ် ဆေးပြား    ၆၀၀၀   နှင့်လည်း ကောင်း၊ မွန်းလွဲ၁ နာရီ ၄၅ မိနစ် တွင် မြိတ်မြို့ ကန်ခေါင်းရပ်ကွက် ကန်ခေါင်းဈေးလမ်း(သန္တာလမ်း)နေ မဥမ္မာဆွေ(ခ)မရာဟီမာ ကို ၎င်း၏နေအိမ်၌ စိတ်ကြွရူးသွပ် ဆေးပြား ၂၀၀၀ နှင့်လည်းကောင်း။

 


ဒီဇင်ဘာ ၁၀ ရက် နံနက် ၇ နာရီခွဲတွင် မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ      တပ်ဖွဲ့ဝင်များပါဝင် သော ပူးပေါင်းအဖွဲ့သည် မဟာ အောင်မြေမြို့နယ်    မဟာမြိုင် ရပ်ကွက်(၂) ၆၀ x ၆၁ လမ်းကြား ၄၃(A)လမ်းရှိ     Hotel   အခန်း အမှတ်(၂၀၅)  သို့   သတင်းအရ ဝင်ရောက်ရှာဖွေရာ  ကျော်မင်း သက်၊ စိုင်းထွန်းလှ (ခ)ထွန်းလှနှင့် မဝေဝေထွန်းတို့ သုံးဦးကို တွေ့ရှိ ရပြီး  စိတ်ကြွရူးသွပ်ဆေး  ၅၆၆၄ ပြားကို  လည်းကောင်း၊   ထိုနေ့ မွန်းလွဲ ၁၂  နာရီ  ၄၅  မိနစ်တွင် မွန်ပြည်နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် များပါဝင်သော    ပူးပေါင်းအဖွဲ့ သည်   မုဒုံမြို့   မြို့မ(၃)ရပ်ကွက် မော်လမြိုင်-သံဖြူဇရပ်သွား ကား လမ်း    ရွှေဟင်္သာဈေးရှေ့တွင် စောကလိုထူး    (ခ)   ကျော်ပု မောင်းနှင်ပြီး ထွန်းအုပ်   လိုက်ပါ လာသည့်ဆိုင်ကယ်ကို   ရပ်တန့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၅၀၇၀ ကိုလည်းကောင်း၊ ယင်းနေ့   ညပိုင်းတွင်    မူးယစ် ဆေးဝါး     တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် တန့်ယန်းမြို့     အမှတ်(၆)ရပ်ကွက်ရှိ   ဒေါ်ပါနန်း ၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ     စိတ်ကြွရူးသွပ်ဆေးပြား  ၂၂၀၀၀   သိမ်းဆည်းရမိခဲ့သဖြင့်     ၎င်းတို့ အား  မူးယစ်ဆေးဝါးနှင့်   စိတ်ကို ပြောင်းလဲစေသော   ဆေးဝါးများ ဆိုင်ရာ  ဥပဒေအရ  အရေးယူထား ကြောင်း သိရသည်။  

ရဲပြန်ကြား