မြိတ်- ကျွန်းစု အမြန်ရေယာဉ် လူဦးရေကန့်သတ်ချက်ဖြင့် ပြန်လည်ပြေးဆွဲ

 

 

မြိတ်   အောက်တိုဘာ   ၄


တနင်္သာရီတိုင်းဒေသကြီး   မြိတ်ခရိုင်အတွင်းရှိ  မြိတ်- ကျွန်းစုခရီးစဉ်  ခရီးသည်တင်  အမြန်ရေယာဉ်ကို  လူဦးရေကန့်သတ်ချက်များနှင့်အညီ   အောက်တိုဘာ ၃ ရက်မှ စတင်ကာ ကိုဗစ်- ၁၉ စည်းကမ်းချက်များနှင့်အညီ ပြန်လည်ပြေးဆွဲပေးနေပြီဖြစ်သောကြောင့်  ဒေသခံခရီးသွားပြည်သူများ  အဆင်ပြေစွာ သွားလာနေ ကြောင်း သိရသည်။                                                    
ပင်လယ်ကမ်းရိုးတန်း      ဆိပ်ကမ်းမြို့တစ်မြို့ ဖြစ်သည့်    မြိတ်မြို့နယ်မှ    ပင်လယ်ပြင်အတွင်းရှိ ကျွန်းမြို့တစ်မြို့ဖြစ်သည့်        ကျွန်းစုမြို့နယ်သို့  အောက်တိုဘာ ၃ ရက်မှစတင်ကာ  ခရီးသည်တင် အမြန်ရေယာဉ်   ပြန်လည်ပြေးဆွဲပေးနေပြီ   ဖြစ် ကြောင်းနှင့် ကိုဗစ်- ၁၉ ရောဂါကူးစက်မှု လျော့နည်း လာသည့်အတွက်    ဒေသခံပြည်သူ    ခရီးသည်များ အတွက် သွားလာမှုအဆင်ပြေစေရန်ဆောင်ရွက်ပေး ခြင်းဖြစ်ကြောင်း သိရသည်။
“ဒေသခံခရီးသည်တွေ အဆင်ပြေစွာသွားလာနိုင် ဖို့အတွက်      ကျွန်တော်တို့     အမြန်ရေယာဉ်ကို အောက်တိုဘာ ၃ ရက်က စတင်ပြီး ပြန်လည်ပြေးဆွဲ ပေးနေပါပြီ။  တာဝန်ရှိသူတွေက    ကျန်းမာရေး လမ်းညွှန်ချက်နဲ့အညီ    ခရီးသည်တွေ   တင်ဆောင် ပြေးဆွဲပေးဖို့     ညွှန်ကြားထားတာ    ရှိပါတယ်။ ကျွန်တော်တို့  အမြန်ရေယာဉ်က ခရီးသည် ၂၀၀ ခန့်  တင်ဆောင်နိုင်ပါတယ်။      ဒါပေမယ့်  ကျန်းမာရေး လမ်းညွှန်ချက်နဲ့အညီ ၅၀ ရာခိုင်နှုန်းကိုပဲ  တင်ဆောင် ပေးပါတယ်။ အခုခရီးသည် ၁၀၀ ထက်ပိုပြီး လက်မခံ သေးပါဘူး။ လူဦးရေကန့်သတ်ထားပါတယ်။  မြိတ် ကနေ    ဒီနေ့တစ်ခေါက်ထွက်ရင်     နောက်နေ့ရပ်နားပါ တယ်။ ကျွန်းစုမြို့နယ်ကနေ ခရီးသည်တင်လာပြီး ပြန်ပြေးဆွဲပေးပါတယ် ”ဟု ကြံတိုင်းအောင် အမြန် ရေယာဉ်လိုင်းမှ   တာဝန်ရှိသူတစ်ဦးက   ပြောသည်။
ကျွန်းစုမြို့အတွင်းရှိ    ပြည်သူများအနေဖြင့် ကျွန်းစုမြို့မှ    မြိတ်မြို့သို့   စီးနင်းရာတွင် လည်း ကောင်း၊ မြိတ်မြို့မှ ကျွန်းစုမြို့သို့  လာရောက်ရာတွင် လည်းကောင်း၊ ရေလမ်းခရီးကိုသာ အဓိက အသုံးပြု သွားလာနေကြသည်ဖြစ်ရာ ထိုကဲ့သို့ စီးနင်းရာတွင် ခရီးသည်များအနေဖြင့် ကိုဗစ်- ၁၉ ရောဂါ ကူးစက် ပြန့်ပွားမှု      မရှိစေရေးအတွက်     အမြန်ရေယာဉ် တစ်ခေါက်လျှင်   လိုက်ပါနိုင်သည့်   လူဦးရေ ၁၀၀ သတ်မှတ်ထားပြီး ကိုဗစ်- ၁၉ ရောဂါကာကွယ်တားဆီး ရေး လမ်းညွှန်ချက်များနှင့်အညီ လိုက်ပါစီးနင်းစေ၍ အမြန်ရေယာဉ်စီးနင်းခကို    ယခင်ကတစ်ဦးလျှင် ငွေကျပ် ၁၆၀၀ ကောက်ခံရာမှ ယခုအခါတစ်ဦးလျှင် ငွေကျပ် ၃၀၀၀ နှုန်းဖြင့် မြိတ်မြို့မှ ကျွန်းစုမြို့နယ်သို့ တစ်နေ့လျှင် တစ်ခေါက်သာ စတင်ပြေးဆွဲပေးနေပြီး ကျွန်းစုမြို့နယ်မှ မြိတ်မြို့နယ်သို့လည်း တစ်နေ့လျှင် တစ်ခေါက်သာ ပြေးဆွဲ‌ပေးနေကြောင်း သိရသည်။
မြိတ်မြို့ ကမ်းနားလမ်းရှိ ဆိပ်ငယ်ဗောတံတားမှ တစ်ရက်ခြားတစ်ခါ    ပြေးဆွဲပေးနေပြီး     မြိတ်မြို့မှ ကျွန်းစုမြို့နယ်သို့    တစ်ဦးလျှင်   ငွေကျပ် ၃၀၀၀ ပေးရကြောင်း၊  ယခင်က   ကိုဗစ် -  ၁၉ ရောဂါကြောင့် မြိတ်မြို့မှ ကျွန်းစုမြို့နယ်နှင့်  ပတ်ဝန်းကျင်ကျေးရွာ များသို့ ခရီးသည်တင်အမြန်ရေယာဉ်များ ပြေးဆွဲမှုကို    သုံးလနီးပါးကြာ     ရပ်နားခဲ့ရကြောင်းနှင့်     ယခုအခါ      မြိတ်မြို့ကမ်းနားလမ်းရှိ       ဆိပ်ငယ်ဗောတံတားမှ တစ်ရက်ခြားတစ်ခါ  ပြေးဆွဲပေးနေပြီး    မြိတ်မြို့မှ ကျွန်းစုမြို့နယ်သို့  ခရီးသည်တစ်ဦးလျှင်   ငွေကျပ် ၃၀၀၀ ပေးရကြောင်း သိရသည်။
ယခုအခါ ကိုဗစ်-၁၉ ရောဂါကူးစက်မှု    နည်းပါး လာသည့်အတွက်   ကြံတိုင်းအောင်  အမြန်ရေယာဉ်- ၃ ဖြင့်  မြိတ်မြို့မှ ကျွန်းစုမြို့သို့ လူဦးရေကန့်သတ် ချက်များဖြင့် ပြန်လည်ပြေးဆွဲပေးနေပြီ ဖြစ်ကြောင်း နှင့်   ကျွန်းပေါ်ရှိ   ကျေးရွာအချို့သို့လည်း   လာမည့် ရက်ပိုင်းအတွင်း     ပြန်လည်ပြေးဆွဲပေးရန်    စီစဉ် ဆောင်ရွက်နေကြောင်း  သိရသည်။  
 မြင့်ဦး(မြိတ်)