မိန်းတိန်- ချင်းရွှေဟော်နယ်စပ်ဂိတ် အပြည့်အဝ ဂိတ်ဖြတ်သန်းနိုင်သဖြင့် ပိုမိုအဆင်ပြေလာ

 

ချင်းရွှေဟော်   မတ်   ၂
မြန်မာ- တရုတ်နယ်စပ် ချင်းရွှေဟော်ဒေသ နယ်စပ် ဂိတ်    အပြည့်အဝ   ဖွင့်လှစ်လိုက်ခြင်းကြောင့် ဖြတ်သန်းသွားလာသူ   များပြားလျက်ရှိကြောင်း သိရသည်။  တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံ၏ အရေးပါ နယ်စပ်ဂိတ်ဖြစ်သော မိန်းတိန်- ချင်းရွှေဟော်နယ်စပ် ဂိတ်တွင် ခရီးသည်များ  ဂိတ်ဖြတ်သန်းသွားလာမှုကို ဖေဖော်ဝါရီ ၂၃ ရက်က  အပြည့်အဝ ပြန်လည်စတင်ခဲ့ သည်။   ခရီးသည်များ   ဂိတ်ဖြတ်သန်းသွားလာမှု ပြန်လည်စတင်သည့်နေ့တွင်    ပြည်ဝင်ပြည်ထွက် လုပ်ငန်းစဉ်များ     လာရောက်ဆောင်ရွက်ကြသည့် ခရီးသွားများ များပြားလျက်ရှိပြီး ဝန်ထမ်းများက လည်း   ပြည်ဝင်ပြည်ထွက်ခရီးသွားများအတွက် ဂိတ်ဖြတ်သန်းသွားလာရေး လုပ်ထုံးလုပ်နည်းများကို စိတ်အားထက်သန်စွာ ဆောင်ရွက်ပေးပြီး အားလုံးကို ဘေးကင်းလုံခြုံစွာ၊    စနစ်ကျစွာ၊   ထိရောက်စွာ ဂိတ်ဖြတ်သန်းသွားလာနိုင်ရန်  ဘက်စုံအာမခံချက် ပေးအပ်လျက်ရှိကြောင်း တရုတ်သံရုံးမှ သိရသည်။
ယင်းနယ်စပ်ဂိတ်ကို ကိုဗစ်-၁၉ ရောဂါမဖြစ်ပွားမီ ကာလက လူဝင်/ လူထွက်အနေဖြင့် မြန်မာနိုင်ငံသား များအား ကိန်းမခရိုင် မိန်းတိန်မြို့အထိ  ဝင်ရောက်ခွင့် ပြုပြီး တရုတ်နိုင်ငံသားများအား ချင်းရွှေဟော်မြို့ အထိ သွားလာခွင့်ပြုခဲ့သည်။ မြန်မာကုန်တင်ယာဉ် များအနေဖြင့် တရုတ်နိုင်ငံ ချင်းရွှေဟော်မြို့ကုန်တင် ယာဉ်များ ယာဉ်ရပ်နားကွင်း (ကုန်ချိန်းကွင်း)များ အထိလည်းကောင်း၊      ကြံတင်ယာဉ်များအနေဖြင့် မိန်းတိန်မြို့ နမ့်ဟွာသကြားစက်အထိလည်းကောင်း သွားလာခွင့်ပြုခဲ့သည်။
ကပ်ရောဂါဖြစ်ပွားမှုကြောင့် နှစ်နိုင်ငံကုန်သွယ် မှုလုပ်ငန်းများကို ၂၀၂၁ ခုနှစ် ဧပြီလအတွင်း တရုတ် နိုင်ငံက စတင်ရပ်ဆိုင်းခဲ့ပြီး ၂၀၂၁ ခုနှစ် နိုဝင်ဘာမှ သာ  နှစ်နိုင်ငံတရားဝင်ကုန်သွယ်မှု   ဝင်ထွက်ဂိတ် နမ့်ဖာဟော်တံတားမှ နှစ်နိုင်ငံပို့ကုန်သွင်းကုန်များ အပြန်အလှန်တင်ပို့/တင်သွင်းမှု ပြန်လည်စတင်နိုင်ခဲ့ သည်။ ထို့နောက် ကိုဗစ်-၁၉ ရောဂါပိုး ထပ်မံတွေ့ရှိ ခဲ့သဖြင့်   နှစ်နိုင်ငံကုန်သွယ်မှုလုပ်ငန်းများ  ၂၀၂၂  ဖေဖော်ဝါရီလတွင် ထပ်မံရပ်ဆိုင်းသွားပြီး  တစ်လ နီးပါးအကြာတွင် ပြန်လည်ဖွင့်လှစ်ခဲ့သည်။ သို့ရာ တွင် နှစ်နိုင်ငံ  လူအဝင်အထွက်ကို တရုတ်နိုင်ငံ ဘက်ခြမ်းက ၂၀၂၂  မတ်လမှစ၍ ခွင့်ပြုထားခြင်း မရှိ သေးသည့်အတွက် ယာဉ်မောင်းများသည် နမ့်ဖာဟော် တံတားပေါ်တွင်      ယာဉ်ချိန်းပြောင်းသည့်စနစ်ဖြင့် PPE အဆင့်-၂ ဝတ်စုံဝတ်ဆင်၍ မောင်းနှင်ခဲ့ရသည်။
ယခု ဖေဖော်ဝါရီ ၂၃ ရက်တွင် မြန်မာနိုင်ငံ ဘက်ခြမ်းမှ      ချင်းရွှေဟော်ကုန်သွယ်ရေးစခန်း တာဝန်ခံ ညွှန်ကြားရေးမှူး ဦးမိုးဇော်ဦး၊ ချင်းရွှေဟော် မြို့ အုပ်ချုပ်ရေးမှူး ဦးသက်ဦးပိုင်နှင့် တာဝန်ရှိသူများ နှင့်  တရုတ်နိုင်ငံဘက်ခြမ်းမှ နယ်စပ်စီးပွားရေးဇုန် ဒုတိယအတွင်းရေးမှူး၊     ကိန်းမခရိုင်    ပြည်ပ ဆက်ဆံရေးဌာနမှူးနှင့် တာဝန်ရှိသူများက အထက် ဌာန၏ခွင့်ပြုချက်အရ တွေ့ဆုံညှိနှိုင်းပြီး  ယင်းနေ့ နံနက် ၁၀ နာရီမှစတင်ကာ ချင်းရွှေဟော်(မိန်းတိန်)နယ်စပ်ဂိတ်ပေါက်၌   ခရီးသည် လူဝင်/ လူထွက်နှင့် ကုန်သွယ်မှုနှင့်      သက်ဆိုင်သည့်   ယာဉ်မောင်း များ    ဝင်/ထွက်သွားလာမှုကို      စတင်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။                                                  သီရိ