မိန်းကလေးတစ်ဦးကို ပြည့်တန်ဆာအဖြစ် စေခိုင်းပြီး ငွေကြေးအကျိုးအမြတ်ခေါင်းပုံဖြတ် ရယူခဲ့သူကို လူကုန်ကူးမှုဖြင့် ထောင်ဒဏ်ချမှတ်

 

နေပြည်တော်   ဇူလိုင်   ၂၂


မိန်းကလေးတစ်ဦးကို  ပြည့်တန်ဆာအဖြစ်စေခိုင်းပြီး ငွေကြေးအကျိုး အမြတ်  ခေါင်းပုံဖြတ်ရယူခဲ့သူကို  လူကုန်ကူးမှုဖြင့်  အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ် ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

 


ဖြစ်စဉ်မှာ  ပဲခူးတိုင်းဒေသကြီး  ပြည်မြို့နေ မ---၊ ၁၂ နှစ်ကို တစ်မြို့တည်းနေ မဌေးက ပခုက္ကူမြို့တွင် အိမ်အကူလုပ်ကိုင်ရမည်ဟု ပြောဆို စည်းရုံး၍   မမျိုး၏နေအိမ်သို့ပို့ဆောင်ပြီး  ကာမခေါင်းပုံဖြတ် ကာ  ပြည့်တန်ဆာအဖြစ်စေခိုင်းပြီး  ငွေကြေးအကျိုးအမြတ်များ ခေါင်းပုံဖြတ်ရယူခဲ့သဖြင့် ပြည် မြို့မရဲစခန်း(ပ)၁၅၈၆/၂၀၁၈၊ လူကုန် ကူးမှုတားဆီး ကာကွယ်ရေး  ဥပဒေပုဒ်မ ၂၄ ဖြင့် အမှုရေးဖွင့်ခဲ့ပြီး ပြည်ခရိုင်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ ဇူလိုင်၂၁ ရက်တွင်  တရားခံ မဌေးကို   လူကုန်ကူးမှု  တားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၄ အရ အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ် ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။                                                                  

သတင်းစဉ်