
နေပြည်တော် ဇန်နဝါရီ ၃
မိန်းကလေးများကို တရုတ်နိုင်ငံ သို့ ပို့ဆောင်ရောင်းစားခဲ့သူများ ကို လူကုန်ကူးမှုဖြင့် အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့ ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ရန်ကုန်တိုင်း ဒေသကြီး ဒလမြို့နယ်နေ ကိုလင်း(ခ) လင်းခန့်ကျော်၊ မနှင်းဝေဝေ (ခ)သဲသဲ၊ ရဲဇော် ထွေး၊ ချစ်သဲမောင်၊ အင်းစိန် မြို့နယ်နေ ဒေါ်စိုးစိုးနှင့် ပဲခူး တိုင်းဒေသကြီး တောင်ငူမြို့နေ ရဲဝင်းအောင်တို့က လှိုင်သာယာ မြို့နယ်နေ မ --- (၁၅နှစ်) ကို တရုတ်နိုင်ငံရှိ စားသောက်ဆိုင် တွင် အလုပ်လုပ်ကိုင်ပါက တစ်လလျှင် ငွေကျပ် ၁၅ သိန်း ရမည်ဟု စည်းရုံးပြောဆို၍ တရုတ်အမျိုးသားထံ ပို့ဆောင် ရောင်းစားခဲ့သဖြင့် လှိုင်သာယာ မြို့မရဲစခန်း (ပ) ၅၇၇/ ၂၀၁၉၊ လူကုန်ကူးမှု တားဆီးကာကွယ် ရေး ဥပဒေပုဒ်မ ၂၈/ ၃၂ ဖြင့် မြောက်ပိုင်းခရိုင် တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ ဒီဇင်ဘာ ၂၉ ရက်တွင် တရားခံ မနှင်းဝေဝေ (ခ)သဲသဲ၊ ရဲဇော်ထွေး၊ ချစ်သဲ မောင်၊ ဒေါ်စိုးစိုးနှင့် ရဲဝင်းအောင် တို့ ငါးဦးကို လူကုန်ကူးမှုတားဆီး ကာကွယ်ရေးဥပဒေ ပုဒ်မ ၂၈ (က) အရ အလုပ်နှင့် ထောင်ဒဏ် နှစ် ၂၀ စီ ကျခံစေရန် အမိန့် ချမှတ်ခဲ့သည်။
အလားတူ ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်နေ ဒေါ်ဆောင်း မြင့်(ခ) ခင်မြင့်က မြစ်ကြီးနား မြို့နေ မ --- (၂၀နှစ်)နှင့် မ --- (၁၆ နှစ်)တို့ကို တရုတ်နိုင်ငံတွင် လစာကောင်းသည့် အလုပ်ရှိ ကြောင်း စည်းရုံးပြောဆို၍ တရုတ် အမျိုးသားများထံ ပို့ဆောင် ရောင်းစားခဲ့သဖြင့် တာလောကြီး နယ်မြေရဲစခန်း (ပ) ၂၁/ ၂၀၂၀၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေ ပုဒ်မ ၂၄ ဖြင့် အမှုရေးဖွင့်ခဲ့ပြီး မြစ်ကြီးနားခရိုင် တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ ဒီဇင်ဘာ ၂၉ရက်တွင် တရားခံ ဒေါ်ဆောင်းမြင့် (ခ) ခင်မြင့်ကို လူကုန်ကူးမှု တားဆီးကာကွယ် ရေး ဥပဒေပုဒ်မ ၂၄ အရ အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်