မိမိဒေသ၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက်  ဒေသတွင် တာဝန်ကျသူများနှင့်  နေထိုင်သူများဖြစ်သည့် တပ်မတော်၊ ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် ပြည်သူလူထုတို့ပူးပေါင်းပြီး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရမည်

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
ကိုကိုးကျွန်းမြို့နယ်ရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ရပ်မိရပ်ဖများအား ရင်းရင်းနှီးနှီးတွေ့ဆုံအမှာစကားပြောကြား

 

နေပြည်တော်  ဒီဇင်ဘာ  ၂၈
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊  နိုင်ငံတော် ဝန်ကြီးချုပ်    ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကောင်စီဝင်များဖြစ်ကြသည့်            ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊     ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း၊   ကောင်စီတွဲဖက် အတွင်းရေးမှူး       ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ၊    ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊    ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့   စည်ပင်သာယာ ရေးဝန်ကြီးနှင့်    တာဝန်ရှိသူများလိုက်ပါ၍    ယနေ့ မွန်းလွဲပိုင်းတွင်  ရန်ကုန်တိုင်းဒေသကြီး   ကိုကိုးကျွန်း မြို့နယ်ရှိ  ဌာနဆိုင်ရာဝန်ထမ်းများနှင့်  ရပ်မိရပ်ဖများ အား မြို့တော်ခန်းမ၌ တွေ့ဆုံသည်။
လိုအပ်သည်များတင်ပြ
ဦးစွာ    ကိုကိုးကျွန်းမြို့နယ်    အုပ်ချုပ်ရေးမှူး ဦးဆန်းမင်း၊    ရပ်မိရပ်ဖများဖြစ်ကြသည့်   ဦးအောင် ဇော်၊    ဦးကြည်၊    ဦးမောင်မြင့်၊    ဦးသိန်းထွန်းနှင့် ဦးမောင်သန်းတို့က  ဒေသဆိုင်ရာအချက်အလက်များ၊ ဒေသဖွံ့ဖြိုးတိုးတက်ရေး၊    လမ်းပန်းဆက်သွယ်ရေး၊ ဒေသခံလူငယ်လူရွယ်များ      အလုပ်အကိုင်အခွင့် အလမ်းရရှိရေးအတွက်  ဆောင်ရွက်ပေးစေလိုသည့် အခြေအနေ၊    ကျန်းမာရေးအတွက်    ကျန်းမာရေး ဝန်ထမ်း လိုအပ်ချက်များနှင့်     တပ်မတော်မှ   ဆေး ကုသရေးအဖွဲ့များ     ဖြည့်ဆည်းစေလွှတ်ပေးစေလို သည့်   အခြေအနေ၊   ရေယာဉ်များ  ဆိုက်ကပ်ပါက အဆင်ပြေစေရေးအတွက် ကမ်းထိုးတံတား  မွမ်းမံ ဆောင်ရွက်ပေးစေလိုသည့်အခြေအနေ၊   ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ ကာကွယ်ရေးလုပ်ငန်း ဆောင် ရွက်ပေးစေလိုသည့်   အခြေအနေနှင့်   ဒေသခံများ  စိတ်အပန်းပြေစေရေး      ဆောင်ရွက်ပေးစေလိုသည့် အခြေအနေ၊    သောက်ရေသုံးရေအတွက်    အဓိက အားထားနေရသည့်  ကိုကိုးရေလှောင်တမံ၏ ကြံ့ခိုင် ရေး၊ ရေလုံလောက်မှုရှိစေရေး ဆောင်ရွက်ပေးစေလို သည့်   အခြေအနေ၊   ကိုကိုးကျွန်းနှင့်   ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်မှ လိုအပ်သည်များ   ဖြည့်ဆည်းဆောင် ရွက်ပေးလျက်ရှိသဖြင့်    ကျေးဇူးတင်ရှိကြောင်းနှင့် ဆက်လက်၍လည်း     ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို    ဆက်လက်ကူညီဆောင်ရွက်ပေး စေလိုသည့်   အခြေအနေများနှင့် ပတ်သက်၍  တင်ပြ ကြသည်။
ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေး
တင်ပြချက်များနှင့်   ပတ်သက်၍  ပြည်ထောင်စု ဝန်ကြီးများဖြစ်ကြသည့်  ဗိုလ်ချုပ်ကြီး   တင်အောင် စန်း၊ ဦးမောင်မောင်အုန်း၊ ဦးလှမိုး၊ ဦးခင်ရီ၊ ဒေါက်တာ ညွန့်ဖေ၊   ဒေါက်တာ သက်ခိုင်ဝင်း၊   ဦးမင်းသိန်းဇံ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှစိုး၊ ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့    စည်ပင်သာယာရေး ဝန်ကြီး ဦးဗိုလ်ဌေးတို့က     သက်ဆိုင်ရာကဏ္ဍ အသီးသီးနှင့်ပတ်သက်၍    ပြန်လည်ရှင်းလင်းပြော ကြားရာ၌  ကိုကိုးကျွန်းမြို့နယ်၏  သွားဘက်ဆိုင်ရာ ဆရာဝန် လိုအပ်ချက်၊  ကျန်းမာရေးလိုအပ်ချက်တို့ကို ဖြည့်ဆည်းပေးမည့် အခြေအနေ၊    ပညာရေးလိုအပ် ချက်များနှင့်  ပတ်သက်၍     ဖြည့်ဆည်းဆောင်ရွက် ပေးသွားမည့်အခြေအနေ၊    လူငယ်လူရွယ်များ၏ အလုပ်အကိုင်အခွင့်အလမ်း ရရှိရေးအတွက် ဒေသခံ ဘွဲ့ရလူငယ်များကို  သက်ဆိုင်ရာဝန်ကြီးဌာနများ၌ သတ်မှတ်ချက်များနှင့်အညီ ခန့်အပ်တာဝန်ပေးသွား နိုင်မည့် အခြေအနေ၊  ပို့ဆောင်ဆက်သွယ်ရေးလိုအပ် ချက်များအား    အဆင့်မြှင့်တင်ဆောင်ရွက်ပေးသွား မည့် အခြေအနေ၊      အားကစားနှင့်   ပတ်သက်၍ ဘောလုံးအားကစားကွင်း၌   ပွဲကြည့်စင်လိုအပ်ချက် ဖြည့်ဆည်းပေးသွားမည့်အခြေအနေနှင့်       အခြား အားကစားနည်းများအတွက်လည်း    လိုအပ်သည့် အထောက်အကူပြုပစ္စည်းများကို   ဖြည့်ဆည်းပေး သွားမည့်အခြေအနေ၊ ပန်းခင်းစီမံချက်ကို နိုင်ငံတော် စီမံချက်အဖြစ်ဆောင်ရွက်၍ အသက်အရွယ် ပြည့်မီ သူ နိုင်ငံသားတိုင်း   နိုင်ငံသားစိစစ်ရေးကတ်ပြားများ ရရှိစေရေး   အခြားဝန်ကြီးဌာနများနှင့်    ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်လျက်ရှိမှု    အခြေအနေများကို ပြန်လည်ဆွေးနွေးပြောကြားကြသည်။
ပေးအပ်
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က ကိုကိုးကျွန်းဒေသ အတွက်         စားသောက်ဖွယ်ရာပစ္စည်းများနှင့် အားကစားပစ္စည်းများကို လည်းကောင်း၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဝင်         ဗိုလ်ချုပ်ကြီး တင်အောင်စန်းက   ဆက်သွယ်ရေး Sim Card  နှင့် ငွေဖြည့်ကတ်များကိုလည်းကောင်း၊  ကျန်းမာရေး ဝန်ကြီးဌာန    ပြည်ထောင်စုဝန်ကြီး    ဒေါက်တာ သက်ခိုင်ဝင်းက ECG စက်နှင့်    ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊  ထိန်းချုပ်၊   ကုသရေးပစ္စည်းများကို   လည်းကောင်း ပေးအပ်ကြရာ  မြို့နယ်အုပ်ချုပ်ရေး မှူးနှင့် တာဝန်ရှိသူများက လက်ခံရယူကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က  ဒေသဖွံ့ဖြိုးတိုးတက် ရေးနှင့်ပတ်သက်၍    ဆွေးနွေးပြောကြားရာတွင် မြို့နယ်အုပ်ချုပ်ရေးတာဝန်ရှိသူများနှင့်   မြို့မိ မြို့ဖ များ၏ တင်ပြချက်များအပေါ်မူတည်၍  သက်ဆိုင်ရာ ကဏ္ဍအလိုက်ဝန်ကြီးများမှ  တိုက်ရိုက်ဖြေရှင်းဆောင် ရွက်ပေးခဲ့ပြီး ဖြစ်ကြောင်း၊     အလုပ်အကိုင်အခွင့် အလမ်းနှင့်ပတ်သက်၍ အစိုးရတစ်ရပ်၏  စွမ်းဆောင် ရည် ကောင်းမွန်ခြင်းသည် အရည်အချင်းပြည့်ဝသည့် ဝန်ထမ်းများရှိခြင်းကြောင့်ဖြစ်ကြောင်း၊  ထို့ကြောင့် ခန့်အပ်ထားသည့် ဝန်ထမ်းများအနေဖြင့် အရည် အချင်းများပြည့်ဝရမည်ဖြစ်သဖြင့်  သတ်မှတ်အရည် အချင်းများနှင့် ကိုက်ညီပါက  ဝန်ထမ်းခန့်အပ်ခွင့်များ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊       မျိုးဆက်သစ် လူငယ်များ၏   လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးကို  အားပေးဆောင်ရွက်ကြရန် လိုကြောင်း၊  စစ်တမ်းများအရ ၂၀၀၇-၂၀၀၈ ခုနှစ်  ပညာသင်နှစ် တွင်   ကျောင်းစတင်တက်ရောက်သူဦးရေ   ၁ ဒသမ ၅ သန်းရှိပြီး    တက္ကသိုလ်ဝင်တန်းသို့ ရောက်ရှိသူဦးရေ မှာ ၂၇၀၀၀၀ ကျော်ခန့်သာရှိခဲ့သဖြင့်   ကျောင်းစတင် တက်ရောက်ခဲ့သူများအနက်    ၉၀ ရာခိုင်နှုန်းသည် တက္ကသိုလ်ဝင်တန်းအောက်  ပညာအရည်အချင်း၌ သာရှိမည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊   ထို့ကြောင့် မိမိတို့နိုင်ငံ၏      ပညာရည်မြင့်မားရေးအတွက် ငယ်ရွယ်စဉ် ကတည်းကပင်   ပညာရေးကို   အားပေး ဆောင်ရွက်ကြရန်လိုပြီး  အမှန်တကယ် တတ်မြောက် အောင် သင်ကြား လေ့ကျင့် ပေးကြရမည်ဖြစ်ကြောင်း။
 ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်
ကျန်းမာရေးကဏ္ဍနှင့်  ပတ်သက်၍ မိမိတို့နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ    တတိယလှိုင်းဖြစ်ပွားနေစဉ် ကာလများအတွင်း ကျန်းမာရေးကုသမှုလုပ်ငန်းများ ကို ကျန်းမာရေးဝန်ထမ်း၊  ဆေးဝါး၊ အောက်ဆီဂျင်နှင့် အခြားအခက်အခဲမျိုးစုံ၊     အကျပ်အတည်းမျိုးစုံတို့ ကြားမှ မရရသည့်   နည်းလမ်းများဖြင့်   ကြိုးစား လုပ်ဆောင်ခဲ့ရကြောင်း၊   ကျန်းမာရေးဝန်ထမ်းများ၊ တပ်မတော်နှင့် ပြည်သူလူထုတို့  တက်ညီလက်ညီနှင့် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ခဲ့မှုများကြောင့် ကိုဗစ် ရောဂါကို  အတိုင်းအတာတစ်ခုအထိ  ထိန်းချုပ်နိုင်ခဲ့ သည့်အခြေအနေသို့       ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း၊ ကိုကိုးကျွန်း၌ သွားဘက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်း အခက်အခဲများရှိသည်ဟု   သိရှိရကြောင်း၊   နိုင်ငံ့ ဝန်ထမ်းအချို့အနေဖြင့်   နိုင်ငံတော်၏ အုပ်ချုပ်မှု ယန္တရား  ပျက်ပြားစေလိုသူများ၏  သွေးထိုးလှုံ့ဆော် မှုများ၊ ခြိမ်းခြောက်မှုများကြောင့် CDM လှုပ်ရှားမှု များတွင် ပါဝင်ခဲ့မှုများရှိခဲ့ကြောင်း၊ သို့သော်လည်း နိုင်ငံ့ဝန်ထမ်းလိုအပ်ချက်များကို     ဖြစ်နိုင်သည့် နည်းလမ်းများဖြင့် ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း။
ဒေသခံများ၏  တင်ပြချက်များတွင် ပါဝင်သည့် ဒေသအတွက်   အမှန်တကယ်   လိုအပ်ချက်များကို အတတ်နိုင်ဆုံး     ဖြည့်ဆည်းပေးမည်ဖြစ်ကြောင်း၊ ကျန်းမာရေးကောင်းမွန်မှုရှိရန်နှင့်      ပညာရေး ကောင်းမွန်မှုရှိရန်ဖြစ်သဖြင့်   ဒေသခံများက   မိမိ ကိုယ်ကို      ဂရုစိုက်နေထိုင်ရန်နှင့်   ပညာရေးကို အားပေးမြှင့်တင်ကြရမည်ဖြစ်ပြီး    ပတ်ဝန်းကျင် ကောင်းကို  ဖန်တီးကြရမည်ဖြစ်ကြောင်း၊  ပတ်ဝန်း ကျင်ကောင်းအတွက်      မိမိယခင်   လာရောက်စဉ် ကတည်းကပင်     ခြံစည်းရိုးကာရံပေးခြင်းများ၊ လမ်းဖောက်ပေးခြင်းများ၊   သွပ်အမိုးအကာလဲပေး ခြင်းများနှင့် သန့်ရှင်းသာယာလှပရေးတို့ကို   လုပ် ဆောင်ပေးခဲ့ကြောင်း၊   အမြင်ကောင်းပါက    စိတ် ကြည်လင်ပြီး သန့်ရှင်းသပ်ရပ်မှုကို လူတိုင်း နှစ်သက် ကြသည်မှာ လူတို့၏  စိတ်သဘောပင်ဖြစ်ကြောင်း၊ ထို့ပြင် ပတ်ဝန်းကျင်သည် သန့်ရှင်းသပ်ရပ်ခြင်းသည် သက်ရှည်ကျန်းမာမှုကိုလည်း      အထောက်အကူ ဖြစ်စေမည် ဖြစ်ကြောင်း၊  မိမိတို့နိုင်ငံ၏ မျှော်မှန်း သက်တမ်းသည် ၆၇ နှစ်ဖြစ်ပြီး ၂၀၁၆ ခုနှစ်တွင် ၆၅ ဒသမ ၅ နှစ်၊ ၂၀၁၇ ခုနှစ်တွင် ၆၇ ဒသမ ၄ နှစ်ရှိခဲ့ ကြောင်း၊ အိမ်နီးချင်းနိုင်ငံများ၊  အာဆီယံနိုင်ငံများ အနက်  သက်တမ်းအနည်းဆုံး  နိုင်ငံတစ်ခုဖြစ်နေ ကြောင်း၊ ကျန်းမာရေးတစ်ခုတည်းသာမက ပညာ ရေး၊ စီးပွားရေး ကောင်းရန်လိုအပ်မည်ဖြစ်ပြီး ပညာ တတ်မှသာ    အသိအမြင်များ     ဖွံ့ဖြိုးလာမည်ဖြစ် ကြောင်း၊    စီးပွားရေးနှင့်ပတ်သက်၍   အုန်းနှင့် ပတ်သက်သည့်  အခြေခံစီးပွားရေးကို ယခုထက်ပိုမို အောင်မြင်အောင် တိုးမြှင့်လုပ်ဆောင်ရန် လိုကြောင်း၊ အုန်းနှင့် အုန်းထွက်ပစ္စည်းလုပ်ငန်းကို ကိုကိုးကျွန်းမှ ပထမဆုံးလုပ်ဆောင်ခဲ့ခြင်းဖြစ်သဖြင့်    စံပြဖြစ် အောင်  လုပ်ဆောင်ခြင်းဖြင့်   ဒေသ၏    လူနေမှုဘဝ ကို      တိုးတက်မြင့်မားအောင်        လုပ်ဆောင်ကြစေ    လိုကြောင်း၊   နေ့စဉ်သုံးကုန်ပစ္စည်းများဖြစ်သည့်   ဆန်၊ ဆီများကို   အခြားဒေသများမှ   မှာယူစားသုံးနေရ သည့်ဒေသဖြစ်ခြင်းကြောင့်   ထိုသို့ ဝယ်ယူနိုင်ရေး ဝင်ငွေရရှိရန်   လိုအပ်မည်ဖြစ်ကြောင်း၊    ထို့ကြောင့် ဒေသ၏    အဓိကထွက်ကုန်ဖြစ်သည့်   အုန်းထွက် ပစ္စည်းလုပ်ငန်းကို အောင်မြင်အောင်  လုပ်ဆောင်ကြ စေလိုကြောင်း။ 
ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်
ရေ၊ မီး ရရှိမှုနှင့် ပတ်သက်၍ စနစ်ကျနစွာ သုံးစွဲ ရေး၊ အသုံးမှအဖြုန်းသို့    မဖြစ်စေရေး၊   လမ်းများ ကောင်းမွန်စေရေး၊  ပတ်ဝန်းကျင် သန့်ရှင်းသာယာ ရေးနှင့်   ပတ်သက်၍   တစ်ဦးချင်းအသိစိတ်ဖြင့် လုပ်ဆောင်ကြစေလိုကြောင်း၊    နိုင်ငံတော်အဆင့် လုပ်ဆောင်နေသည့် ပန်းခင်းစီမံချက် နှင့် ပတ်သက်၍ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်သော်လည်း  အချက်အလက် များမှန်ကန်မှုရှိရန်    အရေးကြီးမည်ဖြစ်ကြောင်း၊ လူဦးရေနည်းပါးသည့် မြို့နယ်ဖြစ်သဖြင့်  စနစ်ကျန သည့် အုပ်ချုပ်မှုပုံစံဖြင့် ရှိရမည်ဖြစ်ပြီး အုပ်ချုပ်ရေး ဆိုင်ရာ   တာဝန်ရှိသူများအနေဖြင့်   စိတ်ပါဝင်စား စွာဖြင့် လုပ်ဆောင်ကြစေလိုကြောင်း၊  ကိန်းဂဏန်း အချက်အလက် မှားယွင်းမှုများမဖြစ်စေရေး၊ မြို့နှင့် ပတ်သက်သည့် မှတ်တမ်းများ၊ သမိုင်းမှတ်တမ်းများ ကို  စနစ်တကျပြုစုဆောင်ရွက်ခြင်းဖြင့် ခေတ်မီပြီး စည်းစနစ်ကျနသည့်   မြို့တစ်ခုအဖြစ်    ပုံဖော်တည် ဆောက်ကြရန်လိုကြောင်း၊   အချုပ်အားဖြင့် ပြောရ မည်ဆိုပါက   ဒေသ၏   ဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုက်ရိုက်ဖြေရှင်းဖြည့်ဆည်းပေးနိုင်ရေး    ဝန်ကြီး များကို   တစ်ပါတည်းခေါ်ဆောင်လာခဲ့ခြင်း   ဖြစ် ကြောင်း၊   မိမိဒေသ၏   ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသတွင်   တာဝန်ကျသူများနှင့်   နေထိုင်သူများဖြစ် သည့် တပ်မတော်၊ ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် ပြည်သူလူထုတို့  ပူးပေါင်းပြီး  ဒေသတိုးတက်ရေးကို ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်းနှင့် နိုင်ငံတော်အစိုးရနှင့် တပ်မတော်မှလည်း လိုအပ် သည်များကို   ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ပြောကြားသည်။
ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်
ထို့နောက်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် တက်ရောက်လာကြသည့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်မိရပ်ဖများအား  ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် ခဲ့ကြောင်း သတင်းရရှိသည်။                 သတင်းစဉ်