မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် ပြည်သူများ ယုံကြည်အားထားရသည့် စွမ်းဆောင်ရည်ပြည့်ဝသူများဖြစ်စေလို

 

မော်လမြိုင်      နိုဝင်ဘာ   ၁


မွန်ပြည်နယ် မော်လမြိုင်မြို့၌ နိုင်ငံတကာတွင် အသုံးပြုလျက်ရှိသည့် ခေတ်မီအခြေခံရှာဖွေကယ်ဆယ်ရေးသုံး ပစ္စည်းကိရိယာများကို   ကျွမ်းကျင်ပိုင်နိုင်စွာ စနစ်တကျ ကိုင်တွယ်ထိန်းသိမ်း အသုံးပြုတတ်စေရန်နှင့် အခြေခံရှာဖွေကယ်ဆယ်ရေးနည်းစနစ်များကို လက်တွေ့လေ့ကျင့်သင်ကြားပေးနိုင်ရန် ရည်ရွယ်၍ ခရိုင်အဆင့်  ရှာဖွေကယ်ဆယ်ရေး အမှတ်စဉ် (၁/၂၀၂၂) သင်တန်းဆင်းပွဲကို အောက်တိုဘာ ၃၁ ရက်က ပြည်နယ်ခန်းမ၌ ဖွင့်လှစ်ရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ် ဝန်ကြီးများ၊ ပြည်နယ် အဆင့်ဌာနဆိုင်ရာများ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ သင်တန်းသား သင်တန်းသူ များ တက်ရောက်ကြသည်။

 


သင်တန်းဆင်းပွဲတွင် မွန်ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်တွင် သဘာဝဘေးအန္တရာယ်များနှင့် အခြားဘေးအန္တရာယ်များ           ဖြစ်ပွားသည်နှင့် တစ်ပြိုင်နက်    ရှာဖွေကယ်ဆယ်ခြင်းလုပ်ငန်းများကို          မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့         အပါအဝင် အရပ်ဘက်အဖွဲ့အစည်းများနှင့်  တာဝန်ရှိသူများ၏    ပူးပေါင်းဆောင်ရွက်မှုဖြင့်     အချိန်နှင့်တစ်ပြေးညီ ထိရောက်မြန်ဆန်စွာ ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ ဘေးအန္တရာယ် မကျရောက်ခင် ကြိုတင်ပြင်ဆင်ခြင်း၊ လေ့ကျင့်ခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ကြ ရာမည်ဖြစ်သလို  ဖြစ်ပွားလာပါကလည်း အလျင် အမြန် တုံ့ပြန်ဆောင်ရွက်ခြင်းနှင့် ဆုံးရှုံးမှုနည်းပါး သည် ထက် နည်းပါးစွာ ဆောင်ရွက်ခြင်းဖြင့် ပြည်သူ များ၏     အသက်အိုးအိမ်စည်းစိမ်များကို    ကာကွယ် စောင့်ရှောက်ကြရမည်ဖြစ်ကြောင်း၊ ဘေးအန္တရာယ် ဆိုင်ရာ  ကြိုတင်ကာကွယ်ခြင်း၊ ရှာဖွေကယ်ဆယ် ခြင်းနှင့် ပြန်လည်ထူထောင်ခြင်းဆိုင်ရာ လုပ်ငန်းများ ကို  မျက်ခြည်မပြတ် လေ့လာဆည်းပူးသင်ကြားပြီး ရရှိလာသည့် လုပ်ငန်းအတွေ့အကြုံ၊ ဗဟုသုတများကို အခြေခံကာ  မိမိတို့ရပ်ရွာ၊   ဒေသအတွက် ပြန်လည် အသုံးချဖို့၊ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကာကွယ်ကူညီ စောင့်ရှောက်ရန်၊  ပြည်သူများ  ယုံကြည်အားထားရ သည့်       စွမ်းဆောင်ရည်ပြည့်ဝသူများဖြစ်စေရန် တိုက်တွန်းလိုကြောင်းဖြင့်        ပြောကြားသည်။

 


ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က သင်တန်း ဆင်းလက်မှတ်များ ပေးအပ်ခဲ့ပြီး ရှာဖွေကယ်ဆယ် ရေးလုပ်ငန်းများ ဆောင်ရွက်ချက် ဗီဒီယိုမှတ်တမ်း ကို ကြည့်ရှုခဲ့ကြောင်း သိရသည်။


ခင်စန်းမြင့် (ပြန်/ဆက်)