မီးလောင်သွားခဲ့သော နတ်မောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မဈေးအသစ် တည်ဆောက်၍ဖွင့်လှစ် အဆင့်မီဈေးသစ်ကြီး ပြန်လည်တည်ဆောက်နိုင်ရေး နိုင်ငံတော်ဘတ်ဂျက် ငွေကျပ်သန်း ၅၅၀ ဖြင့် တည်ဆောက်ခဲ့

 

နတ်မောက်     ဇွန်     ၁၁


မကွေးတိုင်းဒေသကြီး  နတ်မောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မဈေးသစ်ဖွင့်ပွဲ အခမ်းအနားကို ဇွန် ၁၀ ရက် နံနက်ပိုင်းက အဆိုပါဈေးအရှေ့ဘက်တွင် ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် တက်ရောက်၍ မြို့မစည်ပင်သာယာရေး ဈေးဆိုင်းဘုတ်ကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးခဲ့သည်။

 


ဈေးသစ်ဖွင့်ပွဲ အခမ်းအနား တွင်     ဦးစွာ  တိုင်းဒေသကြီး  ဝန်ကြီးချုပ်       ဦးတင့်လွင်က နတ်မောက်    မြို့မဈေးကြီးအား ၁၃-၁၁-၂၀၂၁ ရက်နေ့ ညပိုင်းမှာ မီးလောင်ကျွမ်းမှုကြောင့် ဈေးရုံ ပေါင်း ၂၂ရုံ၊ ဈေးဆိုင်ခန်းပေါင်း  ၂၄၂ ခန်း    ဆုံးရှုံးခဲ့ပြီး   ဈေးသူ ဈေးသားများ၏   ပိုင်ဆိုင်မှုများ မီးဘေးသင့်ခဲ့သဖြင့် များစွာစိတ် မကောင်းဖြစ်ရပါကြောင်း၊  မြို့မ ဈေးကြီးသည်     မြို့နေလူထု၏  စီးပွားရေးမြှုပ်နှံရာ  နေရာလည်း ဖြစ်ပြီး မီးလောင်ရခြင်း၏ အဓိက အခြေခံ         အကြောင်းအရင်း မှာ   အရေးပေါ်အခြေအနေတွင်  မီးသတ်ကားများ ဝင်/ထွက်သွား လာနိုင်မှု    မရှိခြင်းကြောင့်  ဖြစ် ကြောင်း၊ ဈေးသူ ဈေးသားပြည်သူ များရဲ့  ဆုံးရှုံးမှုများကို  အမြန်ဆုံး ကုစားနိုင်ရန်အတွက်   အဆင့်မီ ဈေးသစ်ကြီး     ပြန်လည်တည် ဆောက်နိုင်ရေး နိုင်ငံတော်မှအကုန် အကျခံပြီး  နိုင်ငံတော် ဘတ်ဂျက် ငွေကျပ်သန်း        ၅၅၀  ဖြင့် ဈေးအင်္ဂါရပ်နှင့် ညီညွတ်ပြီး စနစ် ကျသည့် ဈေးပန္နက်ပုံစံရေးဆွဲကာ အဆင့်မီဈေးသစ်ကြီးကို တာဝန်ရှိ သူများ   အဆင့်ဆင့်ကြီးကြပ်မှု   ဖြင့်     အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ  ဇွန် ၁၀ ရက်တွင် လုပ်ငန်းအားလုံး ဆောင်ရွက်ပြီး ဖြစ်၍ ဖွင့်ပွဲအခမ်းအနား ကျင်းပ ရခြင်းဖြစ်ကြောင်း၊ ဈေးသာယာ ရေး ကော်မတီအဖွဲ့များ၊ ဈေးသူ ဈေးသားများအနေဖြင့်   မိမိတို့ ဈေးကြီး      မီးဘေးအန္တရာယ် ကင်းရှင်းရေး၊   ဈေးကြီးသန့်ရှင်း သာယာလှပရေး    လုပ်ငန်းများ ဆောင်ရွက်ရာမှာလည်း ပူးပေါင်း ပါဝင်  ဆောင်ရွက်ပေးကြရန်နှင့် အစိုးရအဖွဲ့၏     ဒေသဖွံ့ဖြိုး တိုးတက်ရေး     လုပ်ငန်းများတွင် ပြည်သူများက     ကျရာကဏ္ဍမှ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြ ရန် မှာကြားလိုကြောင်း ပြောကြားသည်။

 


ဆက်လက်၍ မြို့နယ်စည်ပင် သာယာရေး  အမှုဆောင်အရာရှိ ဦးသိန်းဌေးက  နတ်မောက်မြို့ မြို့မစည်ပင်သာယာရေး၊     ဈေး အသစ် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများနှင့်   ဈေးရောင်းချ သူများ စနစ်တကျရောင်းချနိုင် ခြင်း၊   စည်းကမ်းရှိစွာ  သွားလာ ဝယ်ယူနိုင်ရန်၊     ဈေးအတွင်း ဆောင်ရွက်ပြီးစီးမှု   အခြေအနေ များကို   ရှင်းလင်းပြောကြားပြီး မြို့မိမြို့ဖ    ဦးခင်မောင်ဆန်းက ဈေးသူ   ဈေးသားများကိုယ်စား မြို့မစည်ပင်သာယာရေး    ဈေး အသစ်   ပြန်လည်တည်ဆောက် ပေးမှုအပေါ် ကျေးဇူးတင်စကား ပြောကြားသည်။

 


ဆက်လက်ပြီး   တိုင်းဒေသ ကြီး        စီးပွားရေးရာဝန်ကြီး  ဦးအောင်ချိန်၊  သယံဇာတရေးရာ ဝန်ကြီး    ဦးစိုင်းမြင့်အေး၊      လူမှု ရေးရာဝန်ကြီး     ဦးစိုးပိုင်မြင့်၊ တိုင်းဒေသကြီး      အစိုးရအဖွဲ့    ဥပဒေချုပ် ဦးဝင်းမြင့်၊ တိုင်းဒေသ ကြီးအစိုးရအဖွဲ့  အတွင်းရေးမှူး ဦးသန်းဆွေဝင်းနှင့်                 ပင်မ  စစ်လက်နက်ပစ္စည်းတပ်  (နတ် မောက်) တပ်မှူး   ဗိုလ်မှူးချုပ် မျိုးမင်းထူးတို့က   မြို့မစည်ပင် သာယာရေး     ဈေးအသစ်ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။

 


ယင်းနောက်    တိုင်းဒေသ ကြီး    ဝန်ကြီးချုပ်   ဦးတင့်လွင် က     မြို့မစည်ပင်သာယာရေး ဈေးဆိုင်းဘုတ်ကို   စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးပြီး     မြို့မစည်ပင် သာယာရေး   ဈေးဆိုင်းဘုတ်ရှေ့ တွင် ဝန်ကြီးချုပ်နှင့်  ဧည့်သည် တော်များ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြပြီး  ဈေးဆိုင် ခန်းများ    ဖွင့်လှစ်ရောင်းချနေမှု ကို   လိုက်လံ   ကြည့်ရှုအားပေးသည်။

 


ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်       အဖွဲ့သည် နတ်မောက်မြို့နယ်    ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန၊    လူထုအခြေပြုဗဟိုဌာန ခန်းမသို့     ရောက်ရှိပြီး    ခန်းမ အတွင်း      အပြည်ပြည်ဆိုင်ရာ      မူးယစ်ဆေးဝါး        အလွဲသုံးမှု နှင့်   တရားမဝင်   ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့  အထိမ်းအမှတ် ကျောင်းသား      ကျောင်းသူများ စာစီစာကုံး ဖြေဆိုနေမှုကို ကြည့်ရှု အားပေးကာ လူထုအခြေပြုဗဟို ဌာန  ခန်းမအတွင်း  လှည့်လည် ကြည့်ရှုစစ်ဆေးပြီး     တာဝန်ရှိ သူများအား    လိုအပ်သည်များ      မှာကြားသည်။  

 

 
ထိုမှတစ်ဆင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်     အဖွဲ့သည် နတ်မောက်မြို့နယ် နတ်မောက် ရေလှောင်တမံသို့        ရောက်ရှိ ပြီး ရေလှောင်တမံအတွင်း ရေဝင်ရောက်မှု အခြေအနေအား ကြည့်ရှုစစ်ဆေးကာ တမံရှင်းလင်း ဆောင်တွင် ဆည်မြောင်းနှင့် ရေ အသုံးချမှု   စီမံခန့်ခွဲရေးဦးစီးဌာန တိုင်းဒေသကြီး      ဦးစီးမှူးနှင့် တာဝန်ရှိသူတို့က     နတ်မောက် ရေလှောင်တမံအတွင်း ဆည်ရေ ဝင်ရောက်မှု၊   သီးနှံစိုက်ပျိုးမှု၊ ဒေသခံ     တောင်သူများအား စိုက်ပျိုးရေပေးဝေမှု အခြေအနေ များကို  ရှင်းလင်းတင်ပြခဲ့မှုအပေါ် တိုင်းဒေသကြီး       ဝန်ကြီးချုပ် က  တာတမံကြံ့ခိုင် တောင့်တင်း ရေး၊    သန့်ရှင်းသပ်ရပ် ကောင်းမွန် ရေးအတွက်     ထိန်းသိမ်းခြင်း လုပ်ငန်းများအား    တာဝန်ရှိ သူများက    ကြီးကြပ်ဆောင်ရွက် ရေး၊ ဆည်ရေသောက် ဧရိယာ အတွင်း    စိစစ်ဧက   ပြည့်မီစွာ    စိုက်ပျိုးနိုင်ရေးအတွက် မြောင်းဆုံး မြောင်းဖျားအထိ ရေပေးဝေနိုင်ရေး  ကြိုးစားဆောင်ရွက်ကြရန် မှာကြားသည်။  

 

မောင်ညီညာ