
နေပြည်တော် ဇွန် ၂၃
ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနက မီဒီယာနှင့် သတင်းအချက် အလက်ဆိုင်ရာ သိနားလည်မှုသင်တန်းကို ဇွန် ၂၃ ရက်မှစ၍ အွန်လိုင်းစနစ်ဖြင့် ဖွင့်လှစ်ပို့ချလျက် ရှိသည်။ အဆိုပါ သင်တန်းကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်း ၆၀ တို့ကို တစ်ဖွဲ့လျှင် သင်တန်းသား ၃၀ ဖြင့် အဖွဲ့နှစ်ဖွဲ့ခွဲ၍ ဇွန် ၂၃ ရက်မှ ၂၅ ရက်အထိ သုံးရက်ကြာ ဖွင့်လှစ်ပို့ချသွားမည် ဖြစ်သည်။ သင်တန်းတွင် မီဒီယာနှင့် သတင်းအချက် အလက်ဆိုင်ရာ သိနားလည်မှု၊ မီဒီယာနှင့် သတင်း အချက်အလက်ဆိုင်ရာ သိနားလည်မှု မူဘောင်၊ သတင်းအချက်အလက် ဖရိုဖရဲဖြစ်မှု ဆိုင်ရာများ၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် အမုန်းစကား ဆိုင်ရာများ၊ သတင်းအချက်အလက်များအား စစ်ဆေးခြင်းဆိုင်ရာ သင်ခန်းစာများကို သင်တန်း သား ၄၅၀ တို့ကို သင်တန်း ရှစ်ကြိမ်ခွဲ၍ ဖွင့်လှစ် ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်