မိဘပြည်သူများသို့ အသိပေးကြေညာခြင်း

 

အသက် (၁၆)  နှစ်နှင့်အထက်  အကျုံးဝင်သူများ အား ဥပဒေအရ ကိုင်ဆောင်သင့်သည့်  ကတ်တစ် မျိုးမျိုး  ထုတ်ပေးရေးအတွက် “ပန်းခင်း” စီမံ ချက်ဖြင့် ရုံးတွင် ဆောင်ရွက်ပေးခြင်း၊  ကွင်းဆင်း ဆောင်ရွက်ပေးခြင်း၊ လိုအပ်သည့်နေရာများတွင် တစ်အိမ်တက်ဆင်း ဆောင်ရွက်ပေးခြင်းများ ကို  (၃-၅-၂၀၂၁)   မှ  (၃-၁၁-၂၀၂၂)   နေ့အထိ နိုင်ငံတစ်ဝန်းလုံးတွင်          နေ့စဉ်ရက်ဆက်     ဆောင်ရွက်ပေးလျက်ရှိသည်။ 

 


ယခုအခါ   လိုအပ်ချက်အရ   ပြည်သူများ အနေဖြင့် ခရီးသွားလာရာတွင်  လည်းကောင်း၊ တည်းခိုနေထိုင်ရာ       နေရာများတွင်လည်း ကောင်း၊ နိုင်ငံသားကတ် (မှတ်ပုံတင်)  ပြသ ဆောင်ရွက်ရသည့် လုပ်ငန်းများ တွင်လည်း ကောင်း တရားဝင်ထုတ်ပေးထားသော နိုင်ငံသား ကတ် (မှတ်ပုံတင်)ကို  (၁-၄-၂၀၂၂) နေ့ (၆:၀၀) နာရီမှစ၍ ပြသစစ်ဆေးခံရမည်ဖြစ်ပါသည်။

 


နေ့စဉ်ရက်ဆက်    ဆောင်ရွက်ပေးနေမှု ကြောင့်   နိုင်ငံသားကတ် (မှတ်ပုံတင်) အစား ထောက်ခံစာများကို ပြသ၍ ခရီးသွားလာခြင်း၊ အစစဆေးခံခြင်းများအား ခွင့်ပြုတော့မည် မဟုတ်ပါ။

 


နိုင်ငံသားကတ်  (မှတ်ပုံတင်)    အတု ကိုင်ဆောင်ခြင်းနှင့် ကတ်အပိုထားရှိ ကိုင်‌ဆောင် ခြင်းများသည်   တည်ဆဲဥပဒေများအရ   ပြစ်မှု မြောက်ပါကြောင်း အသိပေးအပ်ပါသည်။


လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန