မဟာသင်္ကြန်ကာလအတွင်း ပြည်သူများနှင့်ဝန်ထမ်းများ အဆင်ပြေစွာခရီးသွားလာနိုင်ရန် အထူးရထားခရီးစဉ်များ ပြေးဆွဲမည်

 

ရန်ကုန်   မတ်   ၂၄


ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန မြန်မာ့မီးရထားသည်   မဟာသင်္ကြန်ကာလအတွင်း   ခရီး သွားပြည်သူများနှင့်       ဌာနဆိုင်ရာ ဝန်ထမ်းများ အဆင်ပြေစွာ ခရီး သွားလာနိုင်ရန်အတွက် ရန်ကုန်-မန္တလေး-ရန်ကုန်၊     နေပြည်တော်-   ရန်ကုန်   -   နေပြည်တော်နှင့် ရန်ကုန်-ပြည်-ရန်ကုန် ခရီးစဉ် များကို   ပုံမှန်ရထားများအပြင် သင်္ကြန်အထူးရထားများ တိုးချဲ့ ပြေးဆွဲပေးမည်ဖြစ်ကြောင်း သိရ သည်။

 


ဧပြီ ၇ ရက်တွင်  ပြေးဆွဲမည့် ရန်ကုန်   - မန္တလေး သင်္ကြန်အထူး ရထားသည် ရန်ကုန်မှ ည ၇ နာရီ ၁၅ မိနစ်တွင်ထွက်ခွာ၍ နောက်နေ့    မွန်းလွဲ ၂ နာရီခွဲတွင် မန္တလေးသို့ လည်းကောင်း၊ မန္တလေး- ရန်ကုန် သင်္ကြန်အထူးရထားသည်  ညနေ ၆ နာရီခွဲတွင် မန္တလေးမှ ထွက်ခွာ၍ နောက်နေ့ မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်တွင်    ရန်ကုန်သို့   လည်း ကောင်း၊ နေပြည်တော်-ရန်ကုန် သင်္ကြန်အထူးရထားသည်နေပြည် တော်မှ   ညနေ ၆ နာရီခွဲတွင် ထွက်ခွာ၍ ရန်ကုန်သို့ နောက်နေ့ နံနက် ၇ နာရီ မိနစ်၂၀  တွင်လည်း ကောင်း    ဆိုက်ရောက်မည်ဖြစ် သည်။

 


ထို့အတူ   ဧပြီ ၈ ရက်တွင် ပြေးဆွဲမည့်   ရန်ကုန်- မန္တလေး သင်္ကြန်အထူးရထားသည် ရန်ကုန် မှ ည ၇ နာရီ ၁၅ မိနစ်တွင်ထွက်ခွာ ၍ မန္တလေးသို့ နောက်နေ့ မွန်းလွဲ ၂  နာရီခွဲတွင်   လည်းကောင်း၊   မန္တလေး - ရန်ကုန်  သင်္ကြန်အထူး ရထားသည် မန္တလေးမှ ညနေ ၆ နာရီခွဲတွင်ထွက်ခွာ၍ ရန်ကုန်သို့ နောက်နေ့  မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်တွင်လည်းကောင်း၊  ရန်ကုန်-ပြည်  သင်္ကြန်အထူးရထားသည် ရန်ကုန်မှ   မွန်းလွဲ  ၁ နာရီတွင် ထွက်ခွာ၍ ပြည်သို့ ည ၈ နာရီ ၅၅ မိနစ်တွင် လည်းကောင်း၊ ပြည်- ရန်ကုန်     သင်္ကြန်အထူးရထား သည် ပြည်မှ ည ၁၀ နာရီခွဲတွင် ထွက်ခွာ၍ ရန်ကုန်သို့ နောက်နေ့ နံနက်    ၆  နာရီခွဲတွင်     လည်း ကောင်း    ဆိုက်ရောက်ကြမည် ဖြစ်သည်။

 


အလားတူ ဧပြီ ၁၇ ရက်တွင်   ပြေးဆွဲမည့်   ရန်ကုန် - မန္တလေး သင်္ကြန်အထူးရထားသည် ရန်ကုန် မှ ည ၇ နာရီ ၁၅ မိနစ်တွင်ထွက်ခွာ ၍မန္တလေးသို့ နောက်နေ့ မွန်းလွဲ ၂  နာရီခွဲတွင်   လည်းကောင်း၊ မန္တလေး-ရန်ကုန် သင်္ကြန်အထူး ရထားသည် မန္တလေးမှ ညနေ ၆ နာရီခွဲတွင်ထွက်ခွာ၍    ရန်ကုန်သို့ နောက်နေ့    မွန်းလွဲ ၁၂ နာရီ   ၄၅ မိနစ်တွင် လည်းကောင်း၊ ရန်ကုန်-နေပြည်တော် သင်္ကြန်အထူးရထား သည် ရန်ကုန်မှ ညနေ ၅ နာရီခွဲ တွင် ထွက်ခွာ၍ နေပြည်တော်သို့ နောက်နေ့ နံနက် ၆ နာရီ ၁၅ မိနစ် တွင် လည်းကောင်း၊ ရန်ကုန်- ပြည် သင်္ကြန်အထူးရထားသည် ရန်ကုန် မှ မွန်းလွဲ ၁ နာရီတွင် ထွက်ခွာ၍ ပြည်သို့ ည ၈ နာရီ ၅၅ မိနစ်တွင် လည်းကောင်း၊   ပြည် - ရန်ကုန်    သင်္ကြန်အထူးရထားသည်   ပြည်မှ  ည ၈ နာရီခွဲတွင်    ထွက်ခွာ၍  ရန်ကုန်သို့    နောက်နေ့   နံနက် ၆  နာရီခွဲတွင်   လည်းကောင်း ဆိုက်ရောက်မည်   ဖြစ်ကြောင်း သိရသည်။

 


အထက်ပါနေ့ရက်များအပြင် ခရီးသွားပြည်သူများ   လိုက်ပါ စီးနင်းမှုအပေါ်  မူတည်၍   လိုအပ် ပါက ဧပြီ ၉ ရက်နှင့် ၁၈ ရက်တို့ တွင် အထူးရထားများကို ထပ်တိုး ပြေးဆွဲပေးမည်ဖြစ်ပြီး  သင်္ကြန် အကြို နေ့ဖြစ်သည့် ဧပြီ ၁၃ ရက်မှ သင်္ကြန်အတက်နေ့ဖြစ်သည့် ဧပြီ ၁၆ ရက်အထိ    လူစီးအမြန်ရထား အချို့ ပြေးဆွဲမှုခေတ္တရပ်နားထားမည်ဖြစ်သည်။

 


ရထားစီး ခရီးသွားပြည်သူများ အား အထက်တန်းလက်မှတ်ကို     သုံးရက်ကြိုတင်၍လည်းကောင်း၊ ရိုးရိုးတန်းလက်မှတ်ကို     တစ်ရက် ကြိုတင်၍ လည်းကောင်း  ရောင်းချ ပေးသွားမည်ဖြစ်ကြောင်းနှင့် ဌာန ဆိုင်ရာဝန်ထမ်းများ   အနေဖြင့် လျှောက်လွှာများဖြင့်   ကြိုတင် ဝယ်ယူနိုင်ကြောင်း  မြန်မာ့  မီး ရထားမှ  သိရသည်။

 

အာကာလင်း