မဟာသင်္ကြန်(အကြိုနေ့)တွင် မန္တလေးမြို့ရှိ ပြည်သူများ အေးချမ်းပျော်ရွှင်စွာ ရေသဘင်ပွဲတော်နွှဲပျော်

 

မန္တလေး   ဧပြီ   ၁၃


ယနေ့ကျရောက်သည့်    မြန်မာ့ ရိုးရာ မဟာသင်္ကြန် (အကြိုနေ့)တွင် မန္တလေးမြို့အတွင်းရှိ ဘုရား စေတီပုထိုးများတွင် ဘုရားဖူးလာ ပြည်သူများ၊ ရေကစားမဏ္ဍပ်များ တွင် ပျော်ရွှင်စွာ ရေကစားကြသူ များ၊ ရေပက်ခံထွက်ကြသူများနှင့် စတုဒိသာ  ကျွေးမွေးသူများဖြင့် သင်္ကြန်ပွဲတော်ကို    ပျော်ရွှင်စွာ ဆင်နွှဲကြသည်။ 

 


နံနက်ပိုင်းမှစတင်၍   မဟာ မုနိရုပ်ပွားတော်မြတ်ကြီး၊ အောင် တော်မူမြတ်စွာဘုရား၊ ရွှေကျီးမြင် ဘုရား၊ ဘုရားနီဘုရား၊   မန္တလေး တောင်၊ ကုသိုလ်တော်၊ စန္ဒာမုနိ ဘုရား၊ ကျောက်တော်ကြီးဘုရား စသည့်ဘုရားတို့၌   ဘုရားဖူးလာ ပြည်သူများက  တရားဘာဝနာ အားထုတ်ခြင်း၊     ဥပုသ်သီလ ဆောက်တည်ခြင်းနှင့် စတုဒိသာ ကျွေးမွေးလှူဒါန်းခြင်း   စသည့် ကုသိုလ်ကောင်းမှုတို့ဖြင့် သင်္ကြန် အကြိုနေ့ကို  ကြိုဆိုကြသည်။ 

 


ပျော်ရွှင်စွာပါဝင်ဆင်နွှဲ


ထို့ပြင် မန္တလေးကျုံးတောင် ဘက်နှင့်   အရှေ့ဘက်ခြမ်းတို့ရှိ  ဝန်ကြီးဌာနအလိုက်    သင်္ကြန် မဏ္ဍပ်များ၊ ပုဂ္ဂလိကသင်္ကြန်မဏ္ဍပ် များကို နံနက်ပိုင်းတွင် တိုင်းဒေသ ကြီး ဝန်ကြီးများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး တေးသံရှင်များ နှင့် အနုပညာရှင်များက အတာ သင်္ကြန်    တေးသီချင်းများဖြင့် လည်းကောင်း၊   ဝန်ကြီးဌာနများ နှင့်      ယိမ်းအကအဖွဲ့များက     ယိမ်းအကအလှများဖြင့်  လည်း ကောင်း    ကပြဖျော်ဖြေကြရာ သင်္ကြန်ချစ်သူ       ပြည်သူများ ပျော်ရွှင်စွာဖြင့်     ပါဝင်ဆင်နွှဲကြ သည်။ 

 


ယခုနှစ် မြန်မာ့ရိုးရာ အတာ သင်္ကြန်   ပွဲတော်ကာလအတွင်း မန္တလေးမြို့ရှိ    ပြည်သူများ   ပိုမို ပျော်ရွှင်စွာ     သင်္ကြန်ပွဲတော်ကို ဆင်နွှဲနိုင်ရေးအတွက်    ချမ်းမြ သာစည်မြို့နယ်ရှိ မင်္ဂလာမန္တလေး မြန်မာ့ရိုးရာ လမ်းလျှောက်အတာ သင်္ကြန်နှင့် ကျုံးတောင်ဘက်ခြမ်း ရှိ (၂၆ လမ်း၊ ၆၆ လမ်းမှ ၇၈ လမ်း အထိ) လမ်းလျှောက်သင်္ကြန်တို့ ၌လည်း နိုင်ငံကျော်အဆိုတော်များ နှင့် အနုပညာရှင်များ၏ ဖျော်ဖြေ မှုများ၊     စတုဒိသာမဏ္ဍပ်များ၊ ရေကစားမဏ္ဍပ်များနှင့် အပန်းဖြေ အနားယူနိုင်မည့်     အစီအစဉ် ကောင်းများ ထည့်သွင်း၍  ကျင်းပ လျက်ရှိရာ     ပြည်သူများ    စိတ် ပျော်ရွှင်ချမ်းမြေ့စွာဖြင့် ဆင်နွှဲကြ သည်။ 

 


အလားတူ     သင်္ကြန်ချစ်သူ မိသားစုများ၊ သူငယ်ချင်း၊ မိတ်ဆွေ များ  စုပေါင်း၍  သင်္ကြန်ရေပက်ခံ ကားများ၊     ဆိုင်ကယ်များကို တပျော်တပါး  ရေပက်ဖျန်းခြင်း၊ မြို့နယ်၊    ရပ်ကွက်များအလိုက် လူငယ်များ၊   ကလေးငယ်များ အေးချမ်းပျော်ရွှင်စွာ    ရေပက် ကစားခြင်းနှင့်   တစ်နိုင်တစ်ပိုင် စုပေါင်း၍    စတုဒိသာကျွေးမွေး လှူဒါန်းကြသည့် မြင်ကွင်းများ သည်လည်း မြန်မာ့ရိုးရာအတာ သင်္ကြန်၏ အလှကို ပိုမိုပေါ်လွင်စေ ခဲ့သည်။ 

 


မန္တလေးဈေးချိုတော်နာရီစင် အနီးတွင်လည်း     မန္တလေးမြို့ ဂုဏ်ဆောင် မြို့မတူရိယာအသင်း နှင့်တွဲဖက်၍ ဈေးချိုသူ ရေကစား မဏ္ဍပ်ကို ဖွင့်လှစ်ထားပြီး သင်္ကြန် ၏ အနှစ် သာရကို ပေါ်လွင်စေမည့် သင်္ကြန်သီချင်းများဖြင့်      သီဆို ဖျော်ဖြေကြသည့်အပြင် မန္တလေး မြို့ရှိ     အထင်ကရနေရာများသို့ လည်း     အနယ်နယ်အရပ်ရပ်မှ ပြည်သူများက လာရောက်အပန်း ဖြေအနားယူလျက်ရှိကြသည်။ 

 


ထိုသို့     မဟာသင်္ကြန်ကာလ အတွင်း  ပြည်သူများ  စိတ်လက် ချမ်းသာ    အေးချမ်းပျော်ရွှင်စွာ အနားယူ   အပန်းဖြေနိုင်စေရေး အတွက် သက်ဆိုင်ရာတာဝန်ရှိသူ များက ပူးပေါင်း အဖွဲ့များဖွဲ့စည်း၍  လိုအပ်သည်များ ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။ 


 မောင်အေးချမ်း
  ဓာတ်ပုံ - Al(Mdy)