မဟာသင်္ကြန် အကြတ်နေ့တွင် ကျိုက္ခမီရေလယ်ဘုရားကြီး၌ ဘုရားဖူးပြည်သူများဖြင့် အထူးစည်ကားလျက်ရှိ

 

သံဖြူဇရပ်      ဧပြီ   ၁၅
မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ကျိုက္ခမီ မြို့ရှိ   ကျိုက္ခမီရေလယ်ဘုရားကြီး၌   မဟာသင်္ကြန်အကြတ်နေ့တွင်   နံနက် ပိုင်းမှ စတင်၍ ဘုရားဖူးလာပြည်သူများ ဖြင့် အထူးစည်ကားလျက်ရှိသည်။
ဘုရားဖူးလာ ပြည်သူများအနေဖြင့် မြန်မာ့ရိုးရာယဉ်ကျေးမှု သင်္ကြန်ပွဲတော် ရုံးပိတ်ရက်ရှည်ကာလတွင် ကျိုက္ခမီမြို့ ဆုတောင်းပြည့်ရေလယ်   ဆံတော်ရှင် မြတ်ဘုရားကြီးသို့ လာရောက်ဖူးမြော်ကြ ခြင်းဖြစ်ပြီး     အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာ ပြည်သူများနှင့် ရေပက်ခံ ထွက်သူများဖြင့်  အထူးစည်ကားလျက် ရှိသည်။ 
ဘုရားဖူးလာပြည်သူများမှ စိတ်အေး ချမ်းစွာဖြင့်       ဘုရားဖူးနိုင်အောင် တာဝန်ရှိသူများမှလည်း      ပူးပေါင်း ဆောင်ရွက်ပေးထားပြီး     ကျိုက္ခမီမြို့ ပြည်သူများမှလည်း ဘုရားဖူးလာပြည်သူ များအား   စတုဒိသာများဖြင့်   ကျွေးမွေး လှူဒါန်းလျက်ရှိကြောင်း သိရသည်။
မြို့နယ်
(ပြန်/ဆက်)