
မန္တလေး နိုဝင်ဘာ ၁၇
မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ကျွန်းလုံးဥသျှောင်ရပ်ကွက် အကွက်(၅၀၈)ရှိ မဟာမုနိဘုရားကြီးတွင် (၃၂)ကြိမ်မြောက် မသိုးမြတ် သင်္ကန်းတော် ရက်လုပ်လှူဒါန်းပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကို မဟာမုနိ ဘုရားကြီးရင်ပြင်တော် မိုးကောင်းဓမ္မာရုံအရှေ့၌ ယနေ့ နံနက် ၈ နာရီ က စတင်ဖွင့်လှစ်သည်။
အဆိုပါဖွင့်ပွဲကို မဟာမုနိဘုရားကြီး ဂေါပကဥက္ကဋ္ဌ ဦးစိုးလင်း၊ အတွင်းရေးမှူး ဦးကျော်ကျော်ဦးနှင့်အဖွဲ့ဝင်များက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး နိုဝင်ဘာ ၁၈ ရက် နံနက် ၅ နာရီခွဲတွင် မသိုးမြတ် သင်္ကန်းတော်အား မဟာမုနိဘုရားကြီးသို့ ကပ်လှူပူဇော်မည်ဖြစ်ကြောင်း သိရသည်။
ဇော်လင်းဦး(အောင်စံ)