မဟာလောကရန်နှိမ် အောင်တော်မူမြတ်စွာဘုရားပရိဝုဏ်အတွင်းရှိ သာသနာ့ဗိမာန်ကိစ္စနှင့် ပတ်သက်၍ မန္တလေးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဆရာတော်ကြီးများထံမှ ဩဝါဒခံယူ

မန္တလေး   ဇွန်   ၂၇


မန္တလေးမြို့  ချမ်းအေးသာစံမြို့နယ် မဟာလောကရန်နှိမ်အောင်တော်မူမြတ်စွာဘုရား ပရိဝုဏ်အတွင်းရှိ သာသနာ့ဗိမာန်ကိစ္စနှင့်ပတ်သက်၍ ဆရာတော်ကြီး များထံမှ ဩဝါဒခံယူပွဲအခမ်းအနားကို   ယမန်နေ့ နံနက်ပိုင်းက  အောင်တော်မူမြတ်စွာဘုရား နှစ်ကျိပ် ရှစ်ဆူနှစ်ထပ်ဓမ္မာရုံ၌ ကျင်းပသည်။


ဩဝါဒခံယူပွဲသို့     မန္တလေးတိုင်းဒေသကြီး  သံဃနာယကအဖွဲ့၊     တိုင်းအကျိုးတော်ဆောင်၊ မိုးကောင်းကျောင်းတိုက်၊ ရတနာသိင်္ဂီ ဒိုက်ဦးကျောင်း ဆရာတော် အဂ္ဂမဟာပဏ္ဍိတ   ဘဒ္ဒန္တ ဇောတိကာ ဘိဝံသ  အမှူးပြုသော သံဃာတော်များ ကြွရောက်ပြီး မန္တလေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမောင်ကိုနှင့်အဖွဲ့ဝင်များ၊   မန္တလေးတိုင်း ဒေသကြီး   သာသနာရေးဦးစီးမှူး  ဦးကျော်လှိုင်၊ အောင်တော်မူ မြတ်စွာဘုရားဂေါပကအဖွဲ့ဝင်များ တက်ရောက်ကြည်ညိုကြသည်။


အခမ်းအနားတွင်     သာသနာ့ဗိမာန်ကိစ္စနှင့် ပတ်သက်၍   ဆရာတော်များထံမှ   ဩဝါဒခံယူပြီး မန္တလေးတိုင်းဒေသကြီး   စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက   မဟာလောကရန်နှိမ်   အောင်တော်မူ မြတ်စွာဘုရားအား     သာသနာ့ဗိမာန်တော်သို့ ပြန်လည်ပင့်ဆောင်နိုင်ရန်အတွက်  ဆောင်ရွက်မည့် အစီအမံများကိုလည်းကောင်း၊  တိုင်းဒေသကြီးစီမံ အုပ်ချုပ်ရေးကောင်စီမှ   တာဝန်ယူနေစဉ်အတွင်း သာသနာရေးဆိုင်ရာ ဆောင်ရွက်နေမှုများကို လည်း ကောင်း လျှောက်ထားပြီး နေ့ဆွမ်းနှင့် နဝကမ္မဝတ္ထု ငွေများဆက်ကပ်ကြကြောင်း သိရသည်။

သတင်းစဉ်