
မဟာအောင်မြေ မတ် ၃၁
မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ် မစိုးရိမ်တိုက်သစ် ဓမ္မမဟိန္ဓိ လေးထပ် ကျောင်းဆောင်၌ ယနေ့မွန်းတည့်က မြို့နယ်သံဃနာယက ဆရာတော်ကြီးများ ကြီးကြပ်မှုဖြင့် ပါဠိပထမပြန်စာမေးပွဲကို ဆက်လက်ကျင်းပသည်။
စာမေးပွဲဖြေဆိုရာတွင် မြို့နယ်အတွင်းရှိစာသင်တိုက်များမှ ပါဠိပထမပြန်စာမေးပွဲ ပထမကြီးတန်းတွင် စာရင်းရှိ ၃၄၈ ပါး၊ ဖြေဆိုသံဃာတော် ၂၇၂ ပါး၊သီလရှင် လေးပါး၊ လူ တစ်ဦး စုစုပေါင်း ၂၇၇ ပါး/ဦး၊ ပထမလတ်တန်းတွင် စာရင်းရှိ ၃၂၀ ဖြေဆိုသံဃာ တော် အပါး ၂၄၀၊ သီလရှင် နှစ်ပါး၊ လူ တစ်ဦး စုစုပေါင်း ၂၄၃ ၊ ပထမငယ်တန်းတွင် စာရင်းရှိ ၂၃၄ ဖြေဆိုသံဃာတော် ၂၂၉ ပါး၊ သီလရှင် ငါးပါး စုစုပေါင်း ၂၃၄၊ အခြေပြု မူလတန်းတွင် စာရင်းရှိ ၂၇၄ ဖြေဆိုသံဃာတော် အပါး ၂၇၀၊ သီလရှင် လေးပါး စုစုပေါင်း ၂၇၄ ပါး ဝင်ရောက်ဖြေဆိုကြသည်။
မဟာအောင်မြေမြို့နယ်၌ ပါဠိပထမပြန်စာမေးပွဲများကို ပရိယတ္တိသာသနာ ထွန်းကားပြန့်ပွားစေရန်ရည်ရွယ်၍ နှစ်စဉ်ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ကြောင်း၊ ပါဠိပထမပြန်စာမေးပွဲကို မတ် ၂၈ ရက်မှ ဧပြီ ၃ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
ရွှေတိုး