
နေပြည်တော် မတ် ၂၉
ဆရာ ညီညီမင်း(ထွေ/အုပ်)၏ မြေယာစီမံခန့်ခွဲရေး(ဆောင်းပါးချုပ်)စာအုပ်ထွက်ရှိလာပြီဖြစ်သည်။
ယင်းစာအုပ်တွင် တရားဥပဒေစိုးမိုးရေး၊ မြေယာကျူးကျော်မှုပပျောက်စေရေး ကြိုးပမ်းပေး၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါ သောအခန်းကဏ္ဍမှ ပါဝင်သည့် မြေယာစီမံခန့်ခွဲမှု၊ မြေယာစီမံခန့်ခွဲမှု စနစ်တကျရှိစေရေး ဝိုင်းဝန်း ကြိုးပမ်းပေး၊ မြေယာစီမံခန့်ခွဲမှုတွင် အဓိကကျသည့် မြေပုံ၊ ကွင်းမြေပုံနှင့် မြေစာရင်း မှန်ကန်ရေးဦးစား ပေးရန်နှင့် ဆောင်ရွက်သင့်သည့် One Map Myanmar စီမံကိန်း၊ မြေယာခွန်စည်းကြပ်ခြင်းနှင့် ခိုင်ကြေး၊ မြန်မာနိုင်ငံရှိ မြေအုပ်စု သုံးစုရှိ မြေမျိုး ၂၂ မျိုး စီမံ ခန့်ခွဲမှုစသည့် မြေယာစီမံခန့်ခွဲရေးနှင့်သက်ဆိုင်သူများအားလုံး ဖတ်ရှုလေ့လာသင့်သည့် ဆောင်းပါး ခုနစ်ပုဒ်ကို တစ်စုတစ်စည်းလေ့လာဖတ်ရှုနိုင်မည် ဖြစ်သည်။
ထို့အတူ ယင်းစာအုပ်တွင် မြေယာစီမံခန့်ခွဲရေး နှင့်ပတ်သက်၍ သိသင့်သိထိုက်သည့် အချက် များဖြစ်သည့် မြေအမျိုးအစားအမျိုးမျိုးပေါ်တွင် ကျူးကျော်နေထိုင်မှုအား ဖယ်ရှားဆောင်ရွက်ခြင်း နည်းလမ်းများ (နောက်ဆက်တွဲ - က)၊ မြေယာ အပေါ် ကျူးကျော်သူများ ခွင့်ပြုချက်မရှိဘဲ ဆောင်ရွက်သူများအား ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်ရန် စိစစ်တင်ပြချက် (နောက်ဆက်တွဲ - ခ )၊ ဝန်ကြီးဌာနအလိုက် မြေယာစီမံခန့်ခွဲခြင်း အခြေပြဇယား (နောက်ဆက်တွဲ - ဂ)၊ မြေအမျိုးအစား အလိုက် မြေယာစီမံခန့်ခွဲခြင်း အခြေပြဇယား (နောက်ဆက်တွဲ - ဃ )၊ မြေယာစီမံခန့်ခွဲမှု လုပ်ငန်း များနှင့်ပတ်သက်၍ ပြင်ဆင်ဖြေလျှော့ ပေးထားသည့် လုပ်ထုံးလုပ်နည်းများနှင့် မူလလုပ်ထုံးလုပ်နည်းများ (နောက်ဆက်တွဲ - င )၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၏ ရာကောက်တွင် အသုံးချ လျက်ရှိသည့် မြေအမျိုးအစား ၂၂ မျိုး စာရင်း (နောက်ဆက်တွဲ - စ )၊ အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန(ရုံးချုပ်)ရှိ မြေယာဌာနမှဆောင်ရွက်ပေးနေသည့် လုပ်ငန်းစဉ်များ(နောက်ဆက်တွဲ - ဆ )အဖြစ် ဖော်ပြ ပေးထားသည်။
ယင်းစာအုပ်ကို ဖုန်း- ၀၉-၄၂၈၄၆၀၀၈၂ သို့ ဆက်သွယ်ဝယ်ယူနိုင်ပြီဖြစ်ကြောင်း သိရသည်။
မြန်မာ့အလင်း