မေးရိုးနှင့်ခံတွင်းခွဲစိတ်ကု အထူးကုဆေးအဖွဲ့ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများအား အခမဲ့ခွဲစိတ်ကုသပေး

 

ရန်ကုန်  ဖေဖော်ဝါရီ  ၂၂


သွားဘက်ဆိုင်ရာဆေးတက္ကသိုလ် - ရန်ကုန် ပါမောက္ခချုပ်၏ ညွှန်ကြား မှုဖြင့် မေးရိုးနှင့် ခံတွင်းခွဲစိတ်ကုပညာဌာန ပါမောက္ခ/ဌာနမှူး ပါမောက္ခ ဒေါက်တာထွန်းငွေ ဦးဆောင်သော အထူးကုဆရာဝန် သုံးဦး၊ မေ့ဆေး ဆရာဝန်တစ်ဦး၊    သူနာပြုငါးဦးနှင့်   အထောက်အကူပြုဆရာဝန် ခြောက်ဦးပါဝင်သောအဖွဲ့သည် ဖေဖော်ဝါရီ ၁၉ ရက်မှ ၂၂ ရက်အထိ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ် - ရန်ကုန် မေးရိုးနှင့် ခံတွင်းခွဲစိတ်ကု ပညာဌာန ခုတင်(၅၀) ဆံ့ သင်ကြားရေးဆေးရုံတွင် ပဲခူးတိုင်းဒေသကြီး မှ   နှုတ်ခမ်းကွဲ၊   အာခေါင်ကွဲလူနာငါးဦး၊  ဧရာဝတီတိုင်းဒေသကြီးမှ ၁၈ ဦးနှင့် ရန်ကုန်တိုင်းဒေသကြီးမှ ခုနစ်ဦး စုစုပေါင်း ၃၀ တို့ကို အခမဲ့ ခွဲစိတ်ကုသမှုပေးခဲ့ကြောင်း သိရသည်။                    

မြန်မာ့အလင်း