
နေပြည်တော် နိုဝင်ဘာ ၁၀
မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများအပေါ် လုပ်ကိုင်ခွင့်ရရှိထားသူများအနေဖြင့်လည်း ယင်းမြေကို လွှဲပြောင်း ခြင်း၊ ရောင်းချပေါင်နှံခြင်းများ ဆောင်ရွက်ခွင့်မရှိဘဲ သတ်မှတ်ချက်များနှင့်အညီ အကျိုးရှိထိရောက်စွာ အသုံးပြုနိုင်ရေးအတွက် လိုအပ်သည့် ထိန်းကျောင်းကြပ်မတ်မှုများကို ဆောင်ရွက်သွားရန်လိုကြောင်း ယနေ့နံနက်ပိုင်းက ကျင်းပသည့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုကော်မတီအစည်း အဝေး၌ ဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးက ပြောကြားသည်။
နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီလက်ထက်တွင် တတိယ အကြိမ်မြောက် ကျင်းပပြုလုပ် သည့် အဆိုပါအစည်းအဝေးသို့ ဒုတိယဝန်ကြီးများ ဖြစ်ကြသည့် ဒေါက်တာအောင်ကြီး၊ ဦးသန်း အောင်ကျော်နှင့် ဗဟိုကော်မတီ ဝင်များ စုံညီစွာ တက်ရောက် ဆွေးနွေးခဲ့ကြသည်။
ပြင်ဆင်ဖွဲ့စည်း
ယနေ့ အစည်းအဝေးတွင် နိုင်ငံတော်စီးပွားဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသခံများ၊ မြေယာမဲ့ နိုင်ငံသားများ၏ အလုပ်အကိုင် အခွင့်အလမ်းများ ဖော်ဆောင်နိုင် ရေးတို့အတွက် မြေလွတ်၊ မြေလပ် နှင့်မြေရိုင်းများကို လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် လျှောက်ထားလာ သည့် ပြည့်စုံသောအမှုတွဲများ အား သက်ဆိုင်ရာဝန်ကြီးဌာနများ မှ သဘောထားမှတ်ချက် ပြန်ကြား လာသည့် လုပ်ငန်းစာတွဲများ ဆိုင်ရာကိစ္စရပ်များကို လည်း ကောင်း၊ ဗဟိုကော်မတီသို့ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေပုဒ်မ ၈-က (ခ) အရ အယူခံဝင်ရောက်လာခြင်း ကိစ္စရပ်များ၊ မြေလွတ်၊ မြေလပ် နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံး ပြုခွင့်ရရှိမှုများအပေါ် သတ်မှတ် ကာလ (၄)နှစ်ပြည့် မြောက်ပြီးချိန် အထိ မြေပြင်တွင် အမှန်တကယ် စိုက်ပျိုးလုပ်ကိုင်မှု မရှိသည့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ ပြန်လည်သိမ်းဆည်းရန်အတွက် အထူးအဖွဲ့များ ပြင်ဆင်ဖွဲ့စည်း ပေးရန်နှင့် လုပ်ပိုင်ခွင့်၊ အသုံးပြု ခွင့် လျှောက်ထားခြင်းအပေါ် ကန့်ကွက်လွှာ တင်သွင်းခြင်းအား စိစစ်ရန် သီးခြားအဖွဲ့ ဖွဲ့စည်းခြင်း ဆိုင်ရာကိစ္စရပ်များကို ဆွေးနွေး ခဲ့ကြသည်။
ရောင်းချပေါင်နှံခွင့်များရရှိ
မြေလွတ်၊ မြေလပ်နှင့် မြေရိုင်း များကို လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် ရရှိသူက လိုက်နာရန် စည်းကမ်း ချက်တွင် စတင်ခွင့်ပြုသည့်နေ့မှ စ၍ “(၄)နှစ်အတွင်း ပထမနှစ်တွင် ၁၅ ရာခိုင်နှုန်း၊ ဒုတိယနှစ်တွင် ၃၀ ရာခိုင်နှုန်း၊ တတိယနှစ်တွင် ၃၀ ရာခိုင်နှုန်းနှင့် စတုတ္ထနှစ်တွင် ၂၅ ရာခိုင်နှုန်းဖြင့် ရာခိုင်နှုန်း ပြည့် လုပ်ငန်းပြီးစီးသည်အထိ ဖော်ထုတ် လုပ်ကိုင်ရမည်ဖြစ်ပြီး မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ သည် နိုင်ငံတော်က စီမံခန့်ခွဲ ပိုင်ခွင့်ရှိသော မြေအမျိုးအစား ဖြစ်၍ အဆိုပြုလျှောက်ထားခဲ့သူ ပုဂ္ဂိုလ်၊ အဖွဲ့အစည်းများထံသို့ ပိုင်ဆိုင်မှု ပေးအပ်ထားခြင်း မဟုတ်ဘဲ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် ပေးအပ်ခြင်းသာဖြစ်သည်။ သို့ရာ တွင် သတ်မှတ်ခွင့်ပြုထားသော စိုက်ပျိုးရေးလုပ်ငန်းများကို ပြီး မြောက်အောင် ဆောင်ရွက်ပြီးစီး ပါက မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းအမျိုးအစားမှ သက်ဆိုင် ရာ စိုက်ပျိုးမြေ အမျိုးအစားများသို့ ပြောင်းလဲခြင်းကို ဆောင်ရွက်နိုင် ပြီး ဥပဒေနှင့်အညီ လွှဲပြောင်း ရောင်းချပေါင်နှံခွင့်များ ရရှိလာ နိုင်မည်ဖြစ်သည်။
ကြပ်မတ်ဆောင်ရွက်
၂၀၁၂ ခုနှစ် မြေလွတ်၊ မြေလပ် နှင့် မြေရိုင်းများစီမံခန့်ခွဲရေးဥပဒေ ပေါ်ထွန်းလာချိန်မတိုင်မီ ကာလ အထိ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်း ဧရိယာပေါင်း (၂၂ ဒသမ ၁၉) သိန်းကျော်ကို လုပ်ပိုင်ခွင့် အတွက် ခွင့်ပြုချထားပေးခဲ့ ကြောင်း၊ အဆိုပါ ခွင့်ပြုချထားပေး မှု အား ၂၀၁၆ ခုနှစ်၌ ပြန်လည် စိစစ်ချိန်တွင် ဧရိယာ(၆ ဒသမ ၅)သိန်းကျော်သာ အမှန်တကယ် အကောင်အထည်ဖော် လုပ်ကိုင် နေသည်ကိုတွေ့ရှိရသဖြင့် လုပ်ပိုင် ခွင့်ပြုထားသော စုစုပေါင်း ဧရိယာ ၏ ၂၉ ရာခိုင်နှုန်းခန့်သာ အကောင် အထည်ဖော် ဆောင်ရွက်လျက် ရှိရာ လုပ်ငန်းလုပ်ကိုင်ဆောင် ရွက်ထားခြင်းမရှိသည့် ဧရိယာ များကို နိုင်ငံတော်က ပြန်လည် သိမ်းဆည်းခဲ့ရကြောင်း၊ အလား တူ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်း များ လုပ်ကိုင်ခွင့်ရရှိထားသော ဧရိယာများအပေါ် သတ်မှတ် အချိန်ကာလ ပြည့်မြောက်ချိန် အထိ အကောင်အထည်ဖော် ဆောင်ရွက်ရန် ပျက်ကွက်နေမှု များကို ဆက်လက်အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မြေအား လက်ဦးမှုရယူလိုမှု အတွက်သာ ဆောင်ရွက်ခြင်းနှင့် ရောင်းကုန်သဖွယ် ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ အငှားချထားခြင်း၊ ခွဲစိတ်ခြင်းစသည့် လွှဲပြောင်းမှု ဆိုင်ရာလုပ်ငန်းများ ဆောင်ရွက် မှုမဖြစ်ပေါ်စေရေး ကြပ်မတ် ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။
သတင်းစဉ်